အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုဖြင့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အား ပထမဦးဆုံးအကြိမ်ရုံးထုတ်

မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို ၂၀၁၆ ခုနှစ်က အမေရိကန် သံရုံးရှေ့ ဆန္ဒပြမှုဖြင့် ရာဇ၀တ်ကြီးပုဒ်မ ၅၀၅(ခ) နှင့် ငြိမ်းစုစီဥပဒေ ပုဒ်မ -၁၉ အရ တရားစွဲဆိုထားမှု ယနေ့(နိုဝင်ဘာ ၁၄ ရက်)တွင် ကမာရွတ် မြို့နယ် တရားရုံး ပထမဦးဆုံး အကြိမ်ဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။
 
၂၀၁၆ ဧပြီ ၂၈ ရက်နေ့က အမေရိကန်သံရုံး၏ ဘင်္ဂလီများ အပေါ် “ရိုဟင်ဂျာ လူမှုအသိုက်အ၀န်း” ဟု သုံးနှုန်းမှု ပတ်သက်ပြီး အမျိုးသား တက်ကြွလှုပ်ရှားသူများ ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲတွင် မကွေး ကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ပါဝင်သည့်အတွက် ကမာ ရွတ်မြို့နယ် တရားရုံးက ရာဇ၀တ်မှုကြီးအမှတ် (၂၆၇/၂၀၁၆)၊ ငြိမ်းစုစီ ဥပဒေ-ပုဒ်မ ၁၉၊ ပြစ်မှုကြီး အမှတ်(၁၃၅/၂၀၁၆)၊ ရာဇသတ်ကြီး ဥပေဒ ပုဒ်မ- ၅၀၅(ခ) တရားစွဲဆိုခဲ့ကြောင်း သိရသည်။
 
၎င်းအမှုနှင့် ပတ်သက်ပြီး ၂၀၁၇ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ဆန္ဒဖော် ထုတ်ရန် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ ဦးဆောင်၍ လယ် သမား ဦးအောင်စီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ နိုဝင်ဘာ ၁၂ ရက်နေ့က ခွင်ပြုချက် လာရောက် တောင်းရာတွင် ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရကြောင်း သိရသည်။
 
ထိုသို့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၂၀၁၇ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကမာရွတ်မြို့နယ် တရားရုံးတွင် ပထမဆုံး အကြိမ်ဖြင့် ရုံးထုတ်စစ်ဆေး ခြင်း ဖြစ်သည်။ ထိုသို့ ရုံးထုတ်စစ်ဆေးရာတွင် ဆရာတော် ဦးပါမောက္ခ အနေဖြင့် ပုဒ်မ ၁၉ အတွက် အာမခံရခဲ့သော်လည်း ပုဒ်မ ၅၀၅ (ခ) အတွက်မူ အာမခံ မရဘဲ နိုဝင်ဘာ ၂၁ ရက်နေ့သို့ ထပ်မံရုံးထုတ် စစ်ဆေးရန် ရက်ချိန်းဆိုထားကြောင်း သိရသည်။
 
အာမခံရရှိရေးအတွက် ရှေ့နေများမှ ခရိုင်ရုံးအထိ ဆက်လက် လျှောက်ထားမည် ဖြစ်ကြောင်း သိရသည်။ ဆရာတော်ကို အင်းစိန်ထောင်တွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။
 
ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးခြင်းသည် ရခိုင်ပြည်နယ်အတွင်း တွင် ဖြစ်ပွားနေသော ပြဿနာများနှင့် ဆက်နွယ် နေခြင်း မရှိဘဲ ပြည်တွင်း လုံခြုံရေးကိစ္စများအတွက် စိုးရိမ်ရသောကြောင့် ဖမ်းဆီးခဲ့ရခြင်း ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
 
ဦးပါမောက္ခအား ဖမ်းဆီးမှုသည် ဘင်္ဂလီပြသ၁နာအား နိုင်ငံ၏ထိပ်ပိုင်း တာဝန်ရှိသူများနှင့် ဆွေးနွေးရန် လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့လာရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်၏ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် ဖြစ်ပေါ်သွားခဲ့ခြင်းပင် ဖြစ်သည်။ ဦးပါမောက္ခသည် မဘသ အဖွဲ့အစည်းကို ပူးတွဲထူထောင် ခဲ့ကြသူများထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သော်လည်း ယခင်နှစ်အတွင်းက နိုင်ငံရေးသဘောထား ကွဲလွဲမှုကြောင့် သဘောထား တင်းမာသည့် မြန်မာ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင် ဆန့်ကျင်ရေးအုပ်စုထဲမှ နှုတ်ထွက်ထားခဲ့သူ ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်းက အမေရိကန်သံရုံး အပြင်ဘက်တွင် ဦးပါမောက္ခ ကန့်ကွက် ဆန္ဒပြခဲ့ခြင်းမှာ အမေရိကန် ပြည်ထောင်စုက မြန်မာလူမျိုးတို့ မနှစ်သက်သည့် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို ထပ်တလဲလဲ သုံးစွဲနေသည့် မူဝါဒအပေါ် ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။
 
စိုင်းဟန်
The Ladies News

 

Vote: 
No votes yet

Add new comment