AFC Asian Cup UAE (2019) Qualifiers Final Round အဖြစ် ယှဉ်ပြိုင်မည့် မြန်မာနှင့် အိန္ဒိယ အသင်း

AFC Asian Cup UAE (2019) Qualifiers Final Round အဖြစ် မြန်မာဘောလုံး အသင်းနှင့် အိန္ဒိယ ဘောလုံးအသင်း တို့ နိုဝင်ဘာလ ၁၄ ရက် (ယနေ့) ည ၉ နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။
 
မြန်မာအသင်းက အဝေးကွင်းအနေဖြင့် အိန္ဒိယ ဘောလုံးအသင်းနှင့် AFC Asian Cup UAE (2019) Qualifiers Final Round ပြိုင်ပွဲကို အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့ရှိ ဂျဝါဟာလာနေရူး အားကစားကွင်း၌ ယှဉ်ပြိုင် ရခြင်း ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ မြန်မာဘောလုံး အသင်းနှင့် အိန္ဒိယ ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို MRTV နှင့် MRTV Digital Sports Channel တို့မှ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
 
Ref : MFF
The Ladies News
 

 

Vote: 
No votes yet

Add new comment