နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံ ဆက်စပ် ထိပ်သီးအစည်းအဝေး ပွဲများသို့ တက်ရောက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ ဆက်စပ်ထိပ်သီး အစည်းအဝေးပွဲများသို့ နိုဝင်ဘာ ၁၃ ရက် က တက် ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ နိုဝင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် (၁၄၃၀) နာရီတွင် ကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး သို့ လည်းကောင်း၊ (၁၅၄၅)နာရီတွင် ကျင်းပသည့် (၁၉)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးသို့လည်းကောင်း၊ (၁၇၀၀) နာရီတွင် ကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်း အဝေးသို့လည်းကောင်း၊ (၁၈၁၅)နာရီတွင် ကျင်းပသည့် အာဆီယံ+၃ နိုင်ငံ အစိုးရအဖွဲ့အကြီးအကဲများနှင့် အာဆီယံ စီးပွားရေးအကြံပေး ကောင်စီတို့ တွေ့ဆုံပွဲသို့ လည်းကောင်း၊ (၁၉၀၀)နာရီတွင် ကျင်းပသည့် (၉)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးသို့ လည်းကောင်း၊ (၂၀၁၅)နာရီတွင် ကျင်းပသည့် (၉)ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ လည်းကောင်း တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အဆိုပါ ထိပ်သီးအစည်းအဝေးပွဲများသို့ အာဆီယံ(၁၀)နိုင်ငံမှ နိုင်ငံ အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ နိုင်ငံတို့မှ နိုင်ငံ့အကြီးအကဲများနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဂျကာတာမြို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ မြန်မာအမြဲတမ်း ကိုယ်စား လှယ်/ သံအမတ်ကြီး ဦးမင်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
 
ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် (၁၂၄၅)နာရီတွင် မနီလာမြို့ Philippines International Convention Centre (PICC) ရှိ ဧည့်ခန်းမ၌ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာရွတ်ချန်အိုချာနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment