စစ်ကိုင်းတိုင်းဒေသကြီးရှိ တောင်သူများသို့ ငွေကျပ်သန်းပေါင်း ၄၅ဝဝဝ ကျော် ထုတ်ချေးရန် လျာထားဟု ဆို

စစ်ကိုင်းတိုင်းဒေသကြီးရှိ တောင်သူများအနေဖြင့် ဆောင်းသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရန် ချေးငွေကျပ် ၄၅၃ဝဝ.၉၅ သန်း ထုတ်ချေးရန် လျာထား ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံက သိရသည်။
 
''စိုက်ပျိုးရေးတောင်သူတွေ စိုက်ပျိုးရေးလုပ်ငန်း စတင်ချိန်တွေမှာ အခက်အခဲမရှိစေဖို့ ချေးငွေတွေကို ထုတ်ချေးပေးတာပါ၊ မိုးရာသီမှာတော့ ချေးငွေကျပ် သန်းပေါင်း ၂၁၇ဝ၅၇.၂၅ သန်းကို ထုတ်ချေး ထားပြီးပါပြီ၊ မကြာခင် ကာလမှာ ဆောင်းရာသီ စိုက်ပျိုးရေးလုပ်ငန်းတွေ စတင်လုပ် ကိုင် တော့မှာ ဖြစ်တဲ့အတွက် အချိန်မီ စိုက်ပျိုးနိုင်ဖို့အတွက် ချေးငွေတွေကို ထုတ်ချေးပေးသွားမှာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီး မန်နေဂျာ ဦးမျိုးမြင့်ဦးက ပြောသည်။
 
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ၃၂ ခုမှ ကျေးရွာပေါင်း ၁၅၈ဝ ရွာရှိ အစုအဖွဲ့ပေါင်း ၁၁၅၄၂၉ စုမှ အသင်းသားပေါင်း ၃၃၄၉၁၈ ဦးသို့ စပါး ၁၂၅၂၉၂၁ ဧကနှင့် အခြားသီးနှံ ၅၈၂၃၂၈ ဧက စိုက်ပျိုးနိုင်ရန် အတွက် ချေးငွေကျပ် ၂၁၇ဝ၅၇.၂၅ သန်းကို ထုတ်ချေး ပေးခဲ့ပြီး၊ ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် ငွေကျပ် ၄၅၃ဝဝ.၉၅ သန်းကိုလည်း ထုတ်ချေးပေးနိုင်ရန် လျာထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment