You are here
တိုင်ဖွန်းမုန်တိုင်း ဒင်မရီ၏ ဒဏ်ကြောင့် ဗီယက်နမ်တွင် ဆိုးဝါးစွာ ရေကြီး
Posted: November 7, 2017

နိုဝင်ဘာ လဆန်းပိုင်းအတွင်း တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဒင်မရီ၏ ဒဏ်ကြောင့် ဗီယက်နမ်နိုင်ငံတွင် ဆိုးဝါးစွာ ရေကြီးရေလျှံမှု များနှင့် ရင်ဆိုင်နေရသည်။
အဆိုပါ မုန်တိုင်း၏ ဒဏ်ကို ဗီယက်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသ တို့က အဓိက ခံစားကြရပြီး သေဆုံးသူ ၆၀ ကျော်ထိ မြင့်တက် လျက်ရှိကြောင်း သိရသည်။
အဆိုပါဒေသအတွင်းရှိ ဆည်များတွင်လည်း ရေပမာဏ မြင့်တက်လျက် ရှိကာ ကျိုးပေါက်မည့်အရေးနှင့်လည်း ကြုံတွေ့နေရကြောင်း၊ ယင်းအခြေ အနေကို ရှောင်လွှဲနိုင်ရန်အတွက် ဆည်ရေနှင့် မလွတ်ကင်းသည့် ဒေသရှိ ဒေသခံတို့ကိုလည်း ရွှေ့ပြောင်းမှုများ ပြုလုပ်နေရကြောင်း လည်း သိရသည်။
တိုင်ဖွန်းမုန်တိုင်း ဒင်မရီသည် ၁၆ နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး ဖြစ်ပေါ်သည့် မုန်တိုင်းတစ်လုံး ဖြစ်ခဲ့ကာ ရေကြီးရေလျှံမှုနှင့် မုန်တိုင်း၏ ဒဏ်ကို ဗီယက်နမ်နိုင်ငံအနေဖြင့် ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရသည်။
The Ladies News
Vote:
Add new comment