ချဲလ်ဆီးပွဲရှိနေသော်လည်း ဘင်ဖီကာနှင့် ချန်ပီယံလိဂ်ပွဲတွင် အဓိက ကစားသမားများကို မန်ယူ အနားပေးမည် မဟုတ်

လာမည့် တနင်္ဂနွေနေ့ တွင် ချဲလ်ဆီးနှင့်ကစားရမည့်ပရီးမီးယားလိဂ် အရေးကြီးပွဲစဉ်ရှိနေသော်လည်း ဘင်ဖီကာနှင့်ကစားရမည့် ချန်ပီယံလိဂ်ပွဲတွင် အဓိက ကစားသမားများကို အနားပေးမည် မဟုတ်ကြောင်း မန်ယူ
နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

မန်ယူမှာ ယနေ့ ည ၂း၁၅ နာရီတွင် ပေါ်တူဂီကလပ် ဘင်ဖီကာကို ချန်ပီယံလိဂ်ပွဲစဉ် ၄အဖြစ်အိမ်ကွင်းအိုးလ်ထရက်ဖို့ ဒ်တွင်လက်ခံကစားရမည်ဖြစ်ပြီး ချဲလ်ဆီးကို လာမည့် တနင်္ဂနွေနေ့ တွင် လန်ဒန်မြို့ ရှိ စတမ်းဖို့ ဒ်ဘရစ်တွင် သွားရောက်ကစားရမည်ဖြစ်သည်။

မန်ယူမှာ ဘင်ဖီကာကို ပွဲစဉ် ၃ အဝေးကွင်းတွင်ရက်ရှ်ဖို့ ဒ်၏တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရခဲ့ပြီး ယနေ့ ညတွင် အနိုင်ရခဲ့မည်ဆိုပါက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်သို့ တက်ရန် သေချာသွားမည် ဖြစ်သည်။ သို့ သော် မန်ယူမှာ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် မန်စီးတီးနောက် ၅ မှတ်အကွာ ဒုတိယနေရာတွင် ရှိနေသည့်အတွက် ချဲလ်ဆီးနှင့်ပွဲတွင် အမှတ်ဆုံးရှုံးခံ၍ မရသည့် အခြေအနေတွင် ရှိနေသည်။

ချဲလ်ဆီးမှာ မန်ယူနည်းပြ မော်ရင်ဟို၏ အသင်းဟောင်းလည်း ဖြစ်နေပြီး ချဲလ်ဆီးနည်းပြ အဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီးနောက် မန်ယူကို မော်ရင်ဟိုတာဝန်ယူခဲ့ခြင်းဖြစ်သည်။ မန်ယူနည်းပြဖြစ်လာပြီးနောက်၂၀၁၆ အောက်တိုဘာ ၂၃ က ချဲလ်ဆီးကို စတမ်းဖို့ ဒ်ဘရစ်တွင်ကစားခဲ့သည့်ပွဲတွင် မန်ယူက ၄-၀ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို ချဲလ်ဆီးနည်းပြ ကွန်တီနှင့် မော်ရင်ဟိုတို့ အကြားတွင်လည်း အချေအတင် ရန်စောင်မှု့ များ ဖြစ်ခဲ့ကြသည်။ ၂၀၁၇ ဧပြီ ၃၀ က ကစားခဲ့သည့် အိမ်ကွင်း ဒုကျော့တွင် မန်ယူက ၂-၀ ဖြင့် ပြန်အနိုင်ရခဲ့ပြီး ချဲလ်ဆီးပွဲမှာ မန်ယူနှင့် မော်ရင်ဟိုတို့ အတွက် အဘက်ဘက်မှ အရေးပါနေသော်လည်း အဆိုပါပွဲကြောင့် ဘင်ဖီကာပွဲတွင် အဓိက ကစားသမားများကို အနားပေးမည်မဟုတ်ကြောင်း မော်ရင်ဟိုကပြောခဲ့ခြင်းဖြစ်သည်။

The Ladies News

 

Vote: 
No votes yet

Add new comment