တာဝန်ဝတ္တရား ဆောင်ရွက်နေသူတို့အား ဆဲဆိုကာ ဘာသာရေး စော်ကားသူအား ဖမ်းဆီးအရေးယူ

တာဝန်ဝတ္တရား ဆောင်ရွက်နေသူတို့အား ဆဲဆိုကာ ဘာသာရေးစော် ကားသူအား ဖမ်းဆီးအရေးယူမှု ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
ဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက်နေ့ ၁၂ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာ တောင်ညွန့်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရဲထူးကျော်သည် တောင်ပိုင်းခရိုင် စည်ပင်ဌာနခွဲမှူး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေး မှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး၊ အမှတ် ၃၄ ယာဉ်ထိန်းတပ်ဖွဲ့ စုမှရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့နှင့်အတူ မင်္ဂလာတောင်ညွန့် မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် ဦးအောင်မြတ်လမ်းမပေါ်တွင် အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ရပ်ထား သော မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်ကာ အရေးယူဆောင် ရွက်နေစဉ် ဦးအောင်မြတ်လမ်းထောင့်ရှိ ယာဉ်မောင်းသင်တန်းကျောင်း ရှေ့ ယာဉ်မရပ်ရ နေရာတွင် ရပ်ထားသော 1D---ယာဉ်အားတွေ့ရှိသဖြင့် ချလံဖြတ် အရေးယူဆောင်ရွက်ခဲ့ရာ ၎င်းယာဉ်ပိုင်ရှင်ဖြစ်သူ ကျော်စိုးဝင်း (ခ)ယူစွတ်မှ ပူးပေါင်းအဖွဲ့အား ညစ်ညမ်းသည့် စကားများပြောဆိုကာ ဘာသာသာသနာအား စော်ကားသည့်အပြင် ပူးပေါင်းအဖွဲ့၏ တာဝန် ၀တ္တရား ဆောင်ရွက်နေမှုအပေါ် နှောင့်ယှက်ဟန့်တားခဲ့သဖြင့် ကျော်စိုးဝင်း(ခ)ယူစွတ်အား စက်တင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း (ပ)၅၀၂/၂၀၁၇၊ ရာဇသတ် ကြီး ပုဒ်မ ၂၉၄/၂၉၅-က/၁၈၆ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အမှုမှ ပြစ်မှုကျူးလွန်သူ ကျော်စိုးဝင်း(ခ)ယူစွတ်အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိစဉ် စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြစ်မှုကျူးလွန်သူ ကိုယ်တိုင် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့သဖြင့် ဥပဒေအကြံပြုချက်နှင့်အညီ တရားရုံးသို့ တရားစွဲဆိုတင်ပို့ပြီးကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment