နေပြည်တော်နှင့် တပ်မတော်သို့ ရည်ညွှန်းသည့် AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်၏ အင်္ဂလိပ်ဘာသာဖြင့် ပြောကြားသော ရုပ်သံဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့ နှံ့ နေ

အာရကန် (သို့) ရက္ခိုင့်တပ်မတော် AA ၏ စစ်ဦးစီးချုပ်ဖြစ်သူ၊ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က အာဏာပိုင်အစိုးရ (နေပြည်တော်) နှင့် တပ်မတော်သို့ ရည်ညွန်း၍ ပြောကြားခဲ့သည့် ရုပ်သံဗီဒီယိုင်ဖိုင်မှာ လူမှုကွန်ရက်တွင် ပျံ့ နှံ့ နေသည်။
 
အဆိုပါ ရုပ်သံဗီဒီယိုင်ဖိုင်တွင် ထွန်းမြတ်နိုင်က ၄င်း၏ ရာထူးနှင့် အမည်ကို ပြောကြားထားသလို ရခိုင်များ၏ စိတ်နှလုံးအိမ်တွင် အဖရခိုင်ပြည်နယ်ကို ပြန်လည်ပိုင်ဆိုင်ရေး အိပ်မက်ရှိနေပြီး အဆိုပါ ရည်မှန်းချက်ကို မည်သည့်အခါမျှ လက်လျော့ မည် မဟုတ်ကြောင်း အစိုးရနှင့် တပ်မတော်သို့ ပြောကြားထားခြင်းဖြစ်သည်။
 
အာရကန် (သို့ ) ရက္ခိုင့်တပ်မတော် AA ကို ၂၀၀၉ က စတင်တည်ထောင်ခဲ့သည် ဆိုသည်နှင့် စစ်ရေးလေ့ကျင့်မှုများကို ထည့်သွင်းရိုက်ကူး ပြသထားပြီး AA အမျိုးသမီး စစ်သည်တော်များ၏ လေ့ကျင့်မှုများ၊ AA စစ်သည်တော်အချို့ ၏ အင်္ဂလိပ်ဘာသာဖြင့် ပြောကြားမှုများလည်း ပါဝင်ခဲ့သည်။
 
ရုပ်သံဗီဒီယိုဖိုင်အဆုံးတွင် AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ရခိုင်လူမျိုးများ အနေဖြင့် မိမိတို့အလိုရှိသည်ကို အခြားသောသူများထံမှ တောင်းဆိုနေခြင်းဖြင့် ရရှိမည် မဟုတ်ကြောင်း၊ အလိုရှိသည့်အရာကို
လက်မလျှော့ဘဲ ရအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ရခိုင်များ မည်သည့်အရာများ လိုအပ်နေသည်ကို ရခိုင်များသာ သိရှိပြီး စည်းစည်းလုံးလုံး တိုက်ပွဲဝင်ရန်လိုကြောင်း မြန်မာစကားဖြင့် ပြောကြားထားသလို အင်္ဂလိပ်ဘာသာဖြင့် စာတမ်းထိုးပေးခဲ့သည်ကို တွေ့ ရသည်။
 
လူမှုကွန်ရက်တွင် ပျံ့ နှံ့ နေသည့် အဆိုပါ ရုပ်သံဗီဒီယိုဖိုင်ကို မည်သူနှင့် မည်သည့် အဖွဲ့ အစည်းက စ၍ တင်လိုက်သည်ကိုမူ မသိရှိရပေ။ ထို့ အတူ မည်သည့် အချိန်ကာလက ရိုက်ကူးခဲ့သည်ဆိုသည်နှင့် AA စစ်အခြေစိုက် စခန်းမှာ မည်သည့်နေရာတွင် တည်ရှိသည် ဆိုသည်ကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
 
AA ရက္ခိုင့်တပ်မတော်၏ - သတင်းနှင့် ပြန်ကြားရေးဌာန Facebook ပေ့ခ်ျကမူ ULA/AA ခေါင်းဆောင်များထဲမှ AA ဦးစီးချုပ်၊ AA ဒုချုပ်၊ ထိုင်းဖက်ဆိုင်ရာတာဝန်ခံ ဗိုလ်မှူးကြီး ကျော်ဟန်တို့သည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖုန်းဖြင့် မည်သည့် အင်တာဗျူးကိုမျှ ဖြေကြားထားခြင်းမျိုး မရှိကြောင်း၊ ထို့အတူ ယခုနောက်ပိုင်းတွင် AA စစ်ဦးစီးချုပ် အနေဖြင့် အင်တာဗျူးများ ဖြေလေ့မရှိကြောင်း၊ ဖြေကြားမှုရှိခဲ့ပါကလည်း ဖြေကြားမှုများကို www.facebook.com/thearakanarmy1 arakan.army https://ULA.today တွင် ပြန်လည် တင်ပေးမည် ဖြစ်ကြောင်း၊ အထက်ပါ ဖေ့စ်ဘုတ်စာမျက်နှာနှင့် website တွင် ဖော်ပြထားသည့် သတင်းမျိုးမရှိပါက သတင်းအတု (False news/ Fake news) များသာ ဖြစ်ကြောင်း၊ ၂၁၀၇ သြဂုတ် ၁၀ က ထုတ်ပြန်ကြေညာထားသလို AA ရက္ခိုင့်တပ်မတော်တွင် အခြားမည်သည့် ရက္ခိုင့်တပ်မတော် အမည်ပါ ဆက်စပ် Page များ မရှိကြောင်းကိုလည်း
သြဂုတ် ၁၅ က သတင်းထုတ်ပြန်ထားသည်။
 
AA ရက္ခိုင့်တပ်မတော်၏ - သတင်းနှင့် ပြန်ကြားရေးဌာန Facebook ပေ့ခ်ျတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့က ‘ကန်သရက်တောင်တန်း’တွင် ရက္ခိုင့်တပ်မတော်၊ တပ်မဟာ (၂) လက်အောက်ခံ၊ စစ်ဗျူဟာ (၂)၊ လှုပ်ရှားတပ်ရင်း ( ၂၁၄) နှင့် ဗမာစစ်တပ်၊ စကခ (၅) လက်အောက်ခံ၊ သံတွဲအခြေစိုက်တပ်ရင်း (၅၆၆) တို့ ၏ တိုက်ပွဲဖြစ်ပွားခဲ့မှု သတင်းကိုသာ စက်တင်ဘာ ၉ နေ့ စွဲဖြင့် နောက်ဆုံး ဖော်ပြထားသည်ကို တွေ့ ရသည်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment