၂၉ ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာအသင်း 3-2 ဖြင့် ရှုံးနိမ့်

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည် အုပ်စုပွဲဦးထွက်အဖြစ် သြဂုတ် ၁၅ ရက်(ယနေ့) မွန်းလွဲ ၂း၃၀ (မြန်မာစံတော်ချိန်)တွင် ထိုင်း အသင်းနှင့် စတင်ကစားရာ ထိုင်းက ၃ ၊ မြန်မာက ၂ ဂိုးဖြင့် မြန်မာ အမျိုးသမီး အသင်း ရှုံးနိမ့်ခဲ့ရသည်။
 
ထိုင်းအသင်းအတွက် သောင်ဆွန်ဘတ်က ဒုတိယပိုင်း ၆၈ မိနစ်နှင့် ၇၄ မိနစ်တွင်လည်းကောင်း၊ ဆရီမာနီးက ၈၄ မိနစ်တွင်လည်းကောင်း သွင်းယူခဲ့ခြင်းဖြစ်သည်။
 
မြန်မာအမျိုးသမီး အသင်းအတွက်ကိုမူ ၀င်းသိင်္ဂီထွန်းတစ်ယောက် တည်းက ၂၃ မိနစ်နှင့် ၈၀ မိနစ်တို့တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
 
မြန်မာအမျိုးသမီးအသင်းသည် သြဂုတ် ၁၇ ရက်တွင် အိမ်ရှင် မလေးရှား အသင်း၊ သြဂုတ် ၂၀ ရက်တွင် ဗီယက်နမ်အသင်း၊ သြဂုတ် ၂၂ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ဆက်လက် ကစားရမည်ဖြစ်သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment