ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာနှင့် ထိုင်း သြဂုတ်လ ၁၅ ရက် (ယနေ့) ကစားမည်

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည် အုပ်စုပွဲဦးထွက်အဖြစ် သြဂုတ် ၁၅ ရက်(ယနေ့) မွန်းလွဲ ၂း၃၀ (မြန်မာစံတော်ချိန်)တွင် ထိုင်း အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
 
ဆီးဂိမ်းအမျိုးသမီး ဘောလုံးပွဲတွင် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင် စသည့် အသင်းငါးသင်း ၀င်ရောက် ယှဉ်ပြိုင်သည့်အတွက် အုပ်စုခွဲခြင်းမရှိဘဲ အဆိုပါအသင်းငါးသင်းသာ ပတ်လည်စနစ်ဖြင့် ကစားကာ အမှတ်အများဆုံး ရသည့်အသင်းက ချန်ပီယံ ဖြစ်မည်ဖြစ်သည်။
 
မြန်မာအမျိုးသမီးအသင်းသည် ထိုင်းအသင်းနှင့် ကစားပြီးပါက သြဂုတ် ၁၇ ရက်တွင် အိမ်ရှင် မလေးရှားအသင်း၊ သြဂုတ် ၂၀ ရက်တွင် ဗီယက်နမ်အသင်း၊ သြဂုတ် ၂၂ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ဆက်လက် ကစားရမည်ဖြစ်သည်။
 
မြန်မာအမျိုးသမီးအသင်း ကစားမည့် ဆီးဂိမ်းပွဲစဉ်များ
( မြန်မာစံတော်ချိန် )
……….
၁၅-၈-၂၀၁၇ ထိုင်း - မြန်မာ (မွန်းလွဲ ၂း၃၀)
၁၇-၈-၂၀၁၇ မြန်မာ - မလေးရှား (ည ၇း၁၅)
၂၀-၈-၂၀၁၇ ဗီယက်နမ် - မြန်မာ (မွန်းလွဲ ၂း၃၀)
၂၂-၈-၂၀၁၇ မြန်မာ - ဖိလစ်ပိုင် (မွန်းလွဲ ၂း၃၀)
 
Credit - MFF
The Ladies News

 

Vote: 
No votes yet

Add new comment