ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့ဖြင့် ယှဉ်ပြိုင်ကစားရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အပြီးသတ်လူရွေးချယ်

ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် ကစားသမားများ အပြီးသတ် ရွေးချယ်မှုပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။
 
မြန်မာအမျိုးသမီး အသင်းအတွက် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကစားသမား ၂၀ ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် ရော်ဂျာရိုင်နာ (နယ်သာလန်)၊ လက်ထောက်နည်းပြ ဦးအောင်နိုင်၊ ဒေါ်သက်သက်ဝင်း၊ ဂိုးနည်းပြ- ဦးကိုကိုအောင်၊ ဂိုး-မြဖူးငုံ၊ ဇာဇာမြင့်၊ နောက်တန်း- ခင်သန်းဝေ၊ ဇင်မာဝင်း၊ ဝေဝေအောင်၊ ဖူးပွင့်ခိုင်၊ လဲ့လဲ့လှိုင်၊ ချစ်ချစ်၊ အိရတနာဖြိုး၊ အလယ်တန်း- စန်းစန်းမော်၊ ခင်မာလာထွန်း၊ သန်းသန်းထွေး၊ မေစံပယ်ဖူး၊ ခင်မိုမိုထွန်း၊ ဝင်းသိင်္ဂီထွန်း၊ နော်အားလိုဝါးဖော၊ ရှေ့တန်း- ခင်မိုးဝေ၊ ရီရီဦး၊ နုနုနှင့် ဂျူလိုင်ကျော် တို့ ပါဝင်ကြောင်း သိရသည်။
 
ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၁၅ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် မလေးရှား နှင့်အတူ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင် အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ကာ အမှတ်အများဆုံးရရှိသည့် အသင်းက အနိုင်ရရှိမည်ဖြစ်ကာ တတိယဆုရအသင်းထိ ဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
 
မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့် သြဂုတ်လ ၁၅ ရက်တွင် ထိုင်းအသင်းဖြင့် လည်းကောင်း၊ သြဂုတ် ၁၇ တွင် အိမ်ရှင်ဖြစ်သူ မလေးရှား အသင်းဖြင့်လည်းကောင်း၊ သြဂုတ်လ ၂၀ တွင် ဗီယက်နမ် အသင်း ဖြင့်လည်းကောင်း၊ သြဂုတ် ၂၂ တွင် ဖိလစ်ပိုင်အသင်းဖြင့် လည်းကောင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
 
မြန်မာအမျိုးသမီးအသင်းအနေဖြင့် ၁၉၉၅ ခုနှစ်မှစ၍ ဆီးဂိမ်းပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ်ငါးခု ရရှိထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment