လူမှုကွန်ရက်တွင် ညစ်ညမ်းပုံများတင်သူကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်

သာစည်မြို့နယ်၌ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ညစ်ညမ်းဓာတ်ပုံများ တင်သူအား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဇူလိုင်လ ၉ ရက်က အမှုဖွင့် ထားကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ သာစည်မြို့နယ် အမှတ်(၆) တိုးချဲ့ရပ်ကွက်နေသူ ဦး---- သည် ဇွန်၂၇ ရက်က ဇနီးဖြစ်သူ အသုံးပြုသော facebook account တွင် ညစ်ညမ်း ဓာတ်ပုံများ တင်ထားကြောင်း ညီဖြစ်သူ၏ ပြောပြချက်အရ သိရှိခဲ့ရ၍ ဦး---- က ဇနီးဖြစ်သူအား မေးမြန်းရာ အဆိုပါ facebook account ကို လွန်ခဲ့သော လေးနှစ်ခန့်က နေအိမ်တွင် အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့သူ ထင်အောင်ဝင်း(ခ) အောင်အောင် (၃၂ နှစ်)က လျှို့ဝှက်နံပါတ်ပြောင်း၍ အသုံးပြုနေကြောင်း ပြောပြခဲ့သည် ဆို၏။
 
ထို့ကြောင့် ထင်အောင်ဝင်း(ခ) အောင်အောင်အား ဆက်သွယ်၍ ထိုကဲ့သို့မပြုလုပ်ရန် နှင့် ညစ်ညမ်းဓာတ်ပုံများ ဖျက်ပေးရန် တောင်းဆိုခဲ့သော်လည်း ထင်အောင်ဝင်း (ခ) အောင်အောင်က မဖျက်ပေးနိုင်ကြောင်းနှင့် မိသားစုဝင်များကိုလည်း သတ်ပစ်မည်ဟု ပြန်လည် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဆိုသည်။
 
ယင်းသို့ ညစ်ညမ်းဓာတ်ပုံတင်ခြင်း၊ မိသားစုဝင်များကို ခြိမ်းခြောက် ပြောဆိုခြင်းများကြောင့် ဦး---- က သာစည်မြို့မ ရဲစခန်းသို့ တိုင်ကြားလာသဖြင့် ထင်အောင်ဝင်း(ခ) အောင်အောင်ကို ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment