အိမ်အကူမိန်းကလေးအား ညှင်းပန်းနှိပ်စက်သူများကို အမှုဖွင့်အရေးယူ

ဒဂုံမြို့သစ်(ဆိကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ ရာအိမ်မှူးတာ ၀န်ထမ်းဆောင်သူ ဦးမျိုးတင့်နိုင်သည် ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် နေအိမ်၌ရှိနေစဉ် ၎င်းရပ်ကွက်၊ အေ(၆)လမ်း၊ တိုက်(၁၁)၊ အခန်း (၄၀၂)တွင် နေထိုင်သူ အိမ်ရှင်များမှ အိမ်အကူ အမျိုးသမီးအား ညှင်းပန်းနှိပ်စက်နေကြောင်း သိရှိရသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီးနောက် ဇွန်လ ၄ ရက်နေ့ ညနေ ၄နာရီခွဲ အချိန်ခန့်တွင် အဆိုပါ နေအိမ်တိုက်ခန်းသို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်ရှင်း၊ ရာအိမ်မှူး ဒေါ်ရီရီချို ရပ်မိရပ်ဖများနှင့်အတူ စစ်ဆေးရာ အိမ်ရှင်ဖြစ်သူ ထွန်းထွန်း (၃၃)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မမြတ်နိုးသူ၊ (၃၂)နှစ်နှင့် အိမ်အကူ မ----- တို့အား တွေ့ရှိရခဲ့သည်။
 
ပူးပေါင်းအဖွဲ့မှ အိမ်အကူမိန်ကလေးအား ကြည့်ရှုစစ်ဆေးရာ ၎င်းတွင် ရင်ဘတ်၊ ကျောကုန်း၊ ၀ဲ/ယာလက်မောင်း၊ ၀ဲ/ယာပေါင်တို့တွင် မီးအပူလောင်ဒဏ်ရာများ၊ ဦးခေါင်းနှင့် ၀ဲ/ယာ ခြေထောက်တို့တွင် ဖူးရောင် ဒဏ်ရာများ တွေ့ရှိရသဖြင့် ဒဏ်ရာများနှင့် ပတ်သက်၍ မေးမြန်းရာ အိမ်ရှင်ဖြစ်သူ ထွန်းထွန်းနှင့်ဇနီး မမြတ်နိုးသူတို့ နှစ်ဦးမှ မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်းနှင့် တုတ်ဖြင့် ရိုက်နှက်ခြင်း တို့ကြောင့် ရရှိသော ဒဏ်ရာများဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။
 
ယင်းကဲ့သို့ အိမ်အကူမိန်းကလေးအား ညှင်ပန်းနှိပ်စက်သူ ထွန်းထွန်းနှင့် မမြတ်နိုးသူတို့ နှစ်ဦးကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်း (ပ)၆၆၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၂၅/ ၁၁၄ ဖြင့် အရေးယူ ဆောင်ရွက်ထားပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနသို့ ကလေးသူငယ် ဥပဒေဖြင့် အရေးယူနိုင်ရေး ဆက်သွယ်ဆောင်ရွက်လျက် ရှိသည့်အပြင် လူကူန်ကူး မှုတားဆီး ကာကွယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းမှုရှိ/မရှိ အမှတ်(၆) လူကူန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ ၀င်များနှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညှိစွန်းမှုရှိပါက သက်ဆိုင်ရာ ဥပဒေများဖြင့် ဆက်လက် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
 
Ref : Yangon Police
The Ladies News
 

 

Vote: 
No votes yet

Add new comment