ညောင်ရွှေမြို့ရှိ နှစ်ပေါင်းရာကျော် စော်ဘွားဘုန်းကြီး ကျောင်းဆောင်သို့ ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်မှု များပြား

ရှမ်းပြည်နယ် တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်မှ နှစ်တစ်ရာကျော် သက်တမ်းရှိ စော်ဘွား ဘုန်းကြီးကျောင်းဆောင်သို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက် လေ့လာ လည်ပတ်သူ များပြားလာကြောင်း သိရှိရသည်။ “နေ့တိုင်း နိုင်ငံခြားသားတွေ ဝင်လာကြတယ်။ ဘုရားကျောင်းက နှစ်ပေါင်းတစ်ရာ ကျော်ပြီ။ လပြည့်နေ့ တောင်ပေါ်ကနေ ဥပုသ်လာစောင့်တယ်။ နိုင်ငံခြားသားက တဖွဲဖွဲနဲ့ မျိုးစုံလာကြတယ်။ ဒီမှာ ရှေးပစ္စည်းတွေ အများကြီးပဲ” ဟု ညောင်ရွှေ မြို့နယ် တောင်ပေါ်ရွာမှ ဥပုသ်နေ့တိုင်း လာရောက်သည့် ပအိုဝ့်တိုင်းရင်းသား အသက် ၇၈ နှစ်ရှိ ဦးဖိုးချွန်းက ပြောသည်။  အဆိုပါ ရှေးဟောင်းသစ်သား ကျောင်းဆောင်သို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများ များပြားကြောင်း ဒေသခံများထံမှ သိရသည်။ ယခုနှစ်အတွင်း လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များတွင် ကိုရီးယားနိုင်ငံမှ အများဆုံးဖြစ်ပြီး ပြင်သစ်၊ အီတလီနှင့် အိန္ဒိယ နိုင်ငံသားများလည်း ပါဝင်ကြောင်း အင်းလေးဒေသ ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူများထံမှ သိရသည်။  “ဒီနေ့လာတာက အိန္ဒိယကပါ။ အင်းလေးရောက်တိုင်း ဧည့်သည်တွေ ဝင်ကြပါတယ်။ ခုနောက်ပိုင်း တော်တော်များများ လာတာစုံတယ်။ ခုဆို ကိုရီးယား ပိုများလာပါတယ်” ဟု အင်းလေးဒေသ ခရီးသွားကုမ္ပဏီ ASIAN TOUR မှ ဧည့်လမ်းညွှန် အောင်းစိုးဦးက ပြောသည်။  အဆိုပါ ရှေးဟောင်းဘုန်းတော်ကြီး ကျောင်းဆောင်သည် အနက်ရောင် အဆင်း ရှိသည့် သစ်သား ကျောင်းဆောင်ဖြစ်ပြီး ၁၈၈၆ ခုနှစ်နှင့် ၁၈၈၇ ခုနှစ်များတွင် စော်ဘွားနှစ်ဦး ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရှေးဟောင်းသစ်သား အဆောက်အအုံမှာ ညောင်ရွှေမြို့ ရွှေရန်ပြေ ပရိယတ္တိ စာသင်တိုက်ထဲတွင် တည်ရှိကြောင်း သိရသည်။ သတင်း - MMKThe Ladies News Journal 

 

Vote: 
No votes yet

Add new comment