NCA လက်မှတ်ရေးထိုးရန် ကရင်လက်နက်ကိုင် KNU မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် ကရင်ခေါင်းဆောင်များ နေပြည်တော်သွားရောက်

ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၅ ရက်တွင် NCA စာချုပ် လက်မှတ်ရေးထိုးရေး အတွက် နေပြည်တော်သို့ အောက်တိုဘာ ၁၂ ရက်နေ့က စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရသည် ။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ခုတို့အကြား ချုပ်ဆိုသည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာ ၁၅ ရက်အတွင်း လက်မှတ်ရေးထိုးကြ မည် ဖြစ်ရာ KNU အဖွဲ့လည်း လက်မှတ်ရေးထိုးမည် ဖြစ်သည်။ KNU ဗဟိုဌာနချုပ်မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်သည့် ကာကွယ်ရေး တာဝန်ခံ စောရော်ဂျာခင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောသမိန်ထွန်းတို့ ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့သည် ယင်းလက်မှတ် ရေးထိုးပွဲသို့ သွားရောက် ရန် အောက်တိုဘာ ၁၂ ရက်က ဘားအံ မြို့၊ သီရိလမ်းရှိ ဖဒိုစောဒေးဗစ်တော ပြည်နယ်ဧည့်ရိပ်သာမှ တစ်ဆင့် နေပြည်တော်သို့ ဆက်လက် ထွက်ခွာသွားခြင်း ဖြစ်သည်။

အလားတူ KNU အထွေထွေ အတွင်းရေးမှူး စောကွယ်ထူးဝင်း ဦးစီးအဖွဲ့သည် အောက်တိုဘာ ၁၁ ရက်နေ့က နေပြည်တော်သို့ ကြိုတင် သွားရောက်ထားပြီးဖြစ်ရာ KNU ဗဟိုဌာနချုပ်မှ နေပြည်တော် တွင် ပြုလုပ်မည့် NCA စာချုပ် လက်မှတ်ရေးကြမည့် အခမ်းအနားသို့ အင်အား၂၅ ဦးခန့် တက်ရောက်မည် ဖြစ်သည်။

ကလို့ထူးဘော ကရင်အစည်းအရုံး (KKO)မှ ဗိုလ်ချုပ်ကြီးစောလား ဘွယ်၊ စောမူဆေးဖိုး ဦးစီးအဖွဲ့တို့လည်း ရန်ကုန်မှ တစ်ဆင့် နေပြည်တော် သို့ ထွက်ခွာသွားပြီ ဖြစ်သည်။ KNU/ KNLA(pc) ဗဟိုဌာနချုပ် ထို့ကော်ကိုးမှ ဗိုလ်ချုပ်ကြီး စောထိန်မောင် ဦးစီးအဖွဲ့မှာ အောက်တိုဘာ ၁၃ ရက်နေ့ တွင် နေပြည်တော်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း ဒေသဆိုင်ရာ စစ်ဘက်အရာရှိ တစ်ဦးထံမှ သိရသည် ။

သတင်း - MMK
The Ladies News Journal

 

Vote: 
No votes yet

Add new comment