လူ ၉၇ ဦးသေဆုံးခဲ့ရသော ဗုံးပေါက်ကွဲမှုအတွက် တူရကီအစိုးရအား ဆန်ကျင်သည့် ဆန္ဒပြမူများဖြစ်ပေါ်

တူရကီနိုင်ငံတွင် အန်ကာရာမြို့ ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံးခဲ့ရသော လူပေါင်း ၉၇ ဦး အတွက် အောက်မေ့ဖွယ် အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့သလို အစိုးရး၏ မှားယွင်းသော လုံခြုံရေး အပေါ်ကိုလည်း လူထောင်ပေါင်းများစွာက ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည် ။ တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့တွင် ကန့်ကွက်ဆန္ဒပြမှု များ ပြုလုပ်သွားခြင်းဖြစ်ပြီး တူရကီသမ္မတ အာဒိုဂန် အစိုးရအဖွဲ့က ကာ့ဒ်လူနည်းစုများအပေါ် ဆန့်ကျင်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းမှာ အုပ်စုများ ကွဲအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၊ ကန့်ကွက်ဆန္ဒပြသူများက စွပ်စွဲပြောဆိုခဲ့ကြသည် ။ လူများသေဆုံးအောင် လုပ်ဆောင်သည့် လူသတ်သမားကို သိရှိကြောင်း အော်ဟစ် ကြွေးကြော်မှုများ လည်း ပြုလုပ်ခဲ့သည်ဟု ဒေသခံမီဒီယာများက ဖော်ပြကြသည် ။

တူရကီနိုင်ငံတွင် သမ္မတ အာဒိုဂန် တည်ထောင်ထားသော အာဏာရ ပါတီဖြစ်သည့် တရားမျှတမှုနှင့် ဖွံ့ဖြိုးရေးပါတီ (AKP) ပါတီမှာ ကာ့ဒ်လူမျိုးစုများ၏ ကာ့ဒ်အလုပ်သမားပါတီနှင့် နှစ်နှစ်ခွဲကျော်ကြာ လုပ်ဆောင်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ပြီးခဲ့သော ဇူလိုင်လတွင် အဆုံးသတ်ခဲ့ပြီး တိုက်ခိုက်မှုများ ပြန်လည် လုပ်ဆောင်ခြင်းများ ရှိခဲ့သည် ။ ဆန္ဒပြပွဲတွင် ပါဝင်သူတဦးဖြစ်သည့် အမျိုးသမီးတဦးက “ကာ့ဒ်လူမျိုး အဖွဲ့အစည်းများ များစွထိခိုက်နာကျင်ရတယ် ။ ကာ့ဒ်လူမျိုး အဖွဲ့အစည်းများ ထိခိုက်နာကျင်မူများ ထပ်မံဖြစ်ပေါ်လာမှာကို မလိုလားဘူး” ဟု ပြောဆိုသည် ။

ထို့အပြင် တူရကီနိုင်ငံ Aegean ဒေသတွင်လည်း အန်ကာရာမြို့ ဗုံးပေါက်ကွဲမှု အဖြစ်ဆိုးနှင့် ပတ်သက်ပြီး အောက်မေ့ဖွယ် အခမ်းအ နား ပြုလုပ်ရာမှ နောက်ပိုင်းတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ကြောင်း သိရသည် ။ ပြီးခဲ့သော စနေနေ့က တူရကီနိုင်ငံ အန်ကာရာမြို့ မီးရထားဘူတာရုံ အနီးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ လုပ်ဆောင်နေစဉ် ပစ်မှတ်ထား ပြီးဗုံးခွဲတိုက်ခိုက်မှု နှစ်ခုဖြစ်ခဲ့ ရာ တူရကီနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများထဲတွင် အဆိုးဆုံး ဖြစ် သွားခဲ့ကြောင်း သိရသည်။ တူရကီနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၁ ရက်နေ့၌ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ သမ္မတအာဒိုဂန်မှာ ရွေးကောက် ပွဲတွင် သူ ၏ AKP ပါတီမှ ၂၀၀၂ ခု နောက်ပိုင်းတည်းက အစိုးရအဖွဲ့ကို တစ်ပါတီတည်းဖွဲ့ နိုင်ရေးအတွက် မျှော်လင်မှုများ ရှိနေသော်လည်း ပြီးခဲ့သော ဇွန်လက ပြုလုပ်ခဲ့သည့် လွှတ်တော် ရွေးကောက်ပွဲတွင် သူ ၏ AKP ပါတီမှာ ရှုံးနိမ့်မှုများ ရှိနေခဲ့ကြောင်း သိရသည်။

သတင်း - ဇော်မျိုးဦး
The Ladies News Journal

 

Vote: 
No votes yet

Add new comment