Google Maps တွင် အိနိ္ဒယမြို့ကြီးများ၏ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေဖော်ပြ

မြို့ပြများတွင်နေထိုင်ရခြင်း၏ အဆိုးဝါးဆုံးအချက်တစ်ခုမှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပြီး အထူးသဖြင့် အရေး ကြီးသည့် ချိန်းဆိုမှုများရှိနေချိန်တွင် ဖြစ်သည်။ အိနိ္ဒယသည် ယာဉ်ကြောပိတ်ဆို့မှုအဆိုးဝါးဆုံး နိုင်ငံမဟုတ် သော်လည်း အချို့မြို့များမှာ ထိပ်ဆုံး ၁၀၀ စာရင်းဝင်နိုင်သည့်အခြေအနေ ရှိသည်။ ထို့ကြောင့် ဂူဂဲလ်က ၎င်း၏ Google Maps ၀န်ဆောင်မှုတွင် အိနိ္ဒယ၏ မြို့ကြီး ၁၂ မြို့မှ ယာဉ်ကြောအခြေအနေကို ထည့်သွင်းဖော်ပြပြီး ယာဉ်မောင်းများအတွက် အချိန်နှင့်တစ်ပြေးညီ အချက်အလက်များရနိုင်ရန် ဆောင်ရွက်ခဲ့သည်။ ထိုအစီအစဉ် တွင် အဝေးပြေးလမ်းများနှင့် အမြန်လမ်းများပါဝင်သည်။

Google Maps ၀န်ဆောင်မှု၏ ယာဉ်ကြောပိတ်ဆို့မှုကို အလွယ်တကူသိရှိနိုင်ရန် အရောင်ကုဒ်များဖြင့် ခွဲခြားဖော်ပြထားသည်။ အစိမ်းရောင်ဖြင့် ဖော်ပြထားသည့်လမ်းများက ယာဉ်ကြောပိတ်ဆို့မှုမရှိသည့် လမ်းများဖြစ်ပြီး လိမ္မော်ရောင်က အသင့်အတင့်ပိတ်ဆို့မှုရှိ၊ အနီရောင်က ယာဉ်ကြောအလွန်ပိတ်ဆို့ နေသည့်လမ်းများဖြစ်သည်။ ထိုအချက်အလက်များက ယာဉ်ကြောရွေးချယ်ခြင်းနှင့် ရောက်ရှိချိန် ခန့်မှန်းခြင်းတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။ Google Maps ၏ Novigation ကို အသုံးပြုပါက ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကို ထည့်သွင်းတွက်ချက်ကာ အခြားလမ်းရှိပါက လမ်းညွှန်ပေးမည်ဖြစ်ပြီး ရောက်ရှိချိန်ကိုပါ ခန့်မှန်း ပေးမည်ဖြစ်သည်။ ထိုလုပ်ဆောင်ချက်များက မြို့နေလူထုအတွက်သာမက ယာဉ်ကြောပိတ်ဆို့မှုနှင့် အသားမကျသည့် အလည်အပတ်ရောက်ရှိလာသူများအတွက်ပါ အသုံးဝင်နိုင်မည် ဖြစ်သည်။ Google Maps တွင် အိနိ္ဒယမြို့များ၏ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေဖော်ပြခြင်းအား မိုဘိုင်းနှင့် ဒက်စတော့ဗားရှင်း နှစ်မျိုးလုံးတွင် အသုံးပြုနိုင်မည်ဖြစ်သည်

Vote: 
No votes yet

Add new comment