ဂိုသမား ပီတာချက်ကို ပြိုင်ဘက် အာဆင်နယ်သို့ရောင်းချသော အသင်းပိုင်ရှင် ဆုံးဖြတ်ချက်ကို ချဲလ်ဆီးနည်းပြ မော်ရင်ဟိုထောက်ခံ

ချဲလ်ဆီးနည်းပြ မော်ရင်ဟို သည် အသင်း ၏ ဂိုးသမား ပီတာချက်ကို မြိုခံပြိုင်ဘက် အာဆင်နယ် အသင်းထံရောင်းချသော အသင်းပိုင်ရှင် မိုဗစ်ခ်ျ  ၏ ဆုံးဖြတ်ချက်ကို ထောက်ခံ ကြောင်း ပြောဆိုလိုက်သည်။ ပီတာချက်မှာ ချဲလ်ဆီးအသင်းတွင် ၁၀ နှစ်ကြာကစားခဲ့သော်လည်း နောက်ပိုင်းတွင် ဂိုးသမားကော်တိုရစ်နောက်မှ သာ ဦးစားပေး ကစားသမားအဖြစ် သတ်မှတ်ခံရသောကြောင့် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ နည်းပြမော်ရင်ဟိုက “အသင်းပိုင်ရှင်ဆုံးဖြတ်ချက်ကို လေးစားတယ်။ ပီတာချက် ဟာ အသင်းမှာ ၁၀နှစ်ကျော်ကြာကစားခဲ့ပြီး ချန်ပီယံဆုဖလားပေါင်းများစွာ ရအောင်စွမ်းဆောင်ခဲ့သူဖြစ်တယ်။ ကျွန်တော် ဟာ ပီတာချက်ကို အသင်းမှာ ဆက်နေဖို လိုလားခဲ့ပေမယ့် သူကတော့ သီတင်းပတ်တိုင်းကစားမယ့် ပွဲစဉ်မှာ ဦးစားပေး ၁၁ ဦးထဲမှာပါဝင်ခွင့်ရမယ် အသင်းကိုပြောင်းရွေဖိုလိုလားခဲ့တယ်။ ကျွန်တော်ကတော့ အသင်း ဆုံးဖြတ်ချက်အတွင် ဂုဏ်ယူတယ်။ “ဟုပြောဆိုသည်၊ ချဲလ်ဆီးဂိုးသမားဟောင်း ပီတာချက်သည် ကွန်မြူနတီ ဒိုင်းအဖြစ်ကစားမည့်ချဲလ်ဆီးနှင့် ပွဲစဉ်တွင် အာဆင်နယ် အသင်း ၏ ဦးစားပေး ဂိုးသမားအဖြစ် ပွဲထွက်လာဖွယ် ရှိနေသည်။ ပီတာချက်သည် ပြီးခဲ့သော သီတင်းပတ်တွင် ချဲလ်ဆီးမှ အာဆင်နယ်သို့ပြောင်းရွေကြေးပေါင် ၁၀ သန်းဖြင့် ပြောင်းရွေခဲ့သည်။

Vote: 
No votes yet

Add new comment