ကျောင်းသားသမဂ္ဂ အဆောက်အဦးကို အမြစ်မကျန်မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည့် ဆဲဗင်း ဂျူလိုင်နေ့ အောက်မေ့ဖွယ် ဂါရ၀ပြု အခမ်းအနားပြုလုပ်

လွန်ခဲ့သော ၁၉၆၂ခုနှစ် ဇူလိုင်လ ၇ရက်နေ့က စစ်အာဏာရှင်၏ ဥပဒေများကိုဆန့်ကျင် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများ ကိုအကြမ်း ဖက်နှိမ်နင်းဖြိုခွင်း ပစ်သတ် ခဲ့ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဗုံးခွဲဖျက်ဆီးခံခဲ့ရသဖြင့် ကျဆုံးခဲ့သော ကျောင်းသားများ အတွက် ၅၃နှစ်မြောက် ဆဲဗင်းဇူလိုင် အထိမ်းအမှတ် အနေဖြင့် ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ)အဖွဲ့ချူပ်မှ သမဂ္ဂ အဆောက်အအုံနေရာသို့လာရောက်ဂါရဝါပြု ခြင်းအစီအစဉ်အား ဇူလိုင် ၇ရက်နံနက်၈နာရီ ကပြုလုပ်ကြောင်းသိရသည်။

အခမ်းအနားအစီအစဉ်အား ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များဓမ္မာရုံမှ စတင်ကာ ရန်ကုန် တက္ကသိုလ်ရှေ့ရှိ ပျက်စီးခဲ့သည့် ကျောင်းသား သမဂ္ဂအဆောက်အအုံဟောင်းနေရာ သို့ လာရောက် ဂါရဝါပြုကြောင်း သိရသည်။

စတင်ထွက်ခွာရာတွင် စီတန်းဥပဒေအရ ခွင်ပြုချက်တောင်း ခံထားခြင်းမရှိသည့်အတွက် ကမာရွတ်မြို့နယ်ရဲမှူးမှ လာရောက် တားမြစ်သော်လည်း အပြန်အလှန်ပြောဆိုပြီးနောက် ဆက်လက် လမ်းလျောက်ခွင့် ပြုရာ ကျောင်းတခါးပိတ်ထားသဖြင့် တက္ကသိုလ် ပါမောက္ခချူပ် အား ညှိနှိုင်းပြောဆိုပြီးနောက် ခွင်ပြုသဖြင့် သမဂ္ဂ အဆောက်အအုံနေရာအား အရိုအသေပြုခွင့် ရကြောင်း သိရသည်။

စစ်အာဏာရှင်၏့ ဥပဒေကို ဆန့်ကျင် အုံကြွခဲ့ကြသည့် ရန်ကုန် တက္ကသိုလ် ကျောင်းသူကျောင်းသား ရာပေါင်းများစွာကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ တွင် ဗိုလ်နေဝင်း ဦးဆောင် သည့် တော်လှန်ရေးကောင်စီက ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းခဲ့ပြီး ဇူလိုင် ၈ ရက်နေ့တွင် ကျောင်းသားသမဂ္ဂ အအဆောက်အဦကို ဖောင်ဒေးရှင်းနေရာပါ မကျန် အင်အားပြင်းထန်သည့် မိုင်းများဖြင့်ဖြိုခွင်းဖျက်ဆီးခဲ့သည် ။

အဆိုပါ အရေးအခင်းကြီး၏ ကနဦးအမြစ်တွယ်ရာသည် ၁၉၆၂ ခုနှစ်မတ်လ ၂ရက်နေ့ တွင် နိုင်ငံတော်အာဏာကို ၀န်ကြီးချုပ်ဦးနုထံက ဗိုလ်နေ၀င်း ဦးဆောင်သည့်စစ်အစိုးရက အာဏာသိမ်းခဲ့ခြင်း ကို ကျောင်းသား တစ်သောင်းခွဲ က မဟာဗန္ဓုလပန်းခြံတွင် ဆန္ဒပြ ကန့်ကွက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထိုနှစ်ကျောင်းများပြန်ဖွင့်သည့် ဇွန်လ(၁)ရက်နေ့တွင် စစ်အစိုး ရက ကျောင်းစည်း ကမ်း (၂၂) ချက်ကိုပြဌာန်းပြီးထိုအချက်များကို လိုက်နာမှသာကျောင်းဆောင်နေ ခွင့်ပြုမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။တစ်ချိန်တည်းမှာပင်တန်းမြင့်ကျောင်းထွက် စာမေးပွဲကို ဖျက်သိမ်းခဲ့ သည်။ဇူလိုင် ၆ ညမှစ၍ ရွှေဘိုဆောင်က ကျောင်းသားများက အဆောင်စည်းကမ်း၂၂ ချက်ကို ကန့် ကွက်ဆန္ဒပြခဲ့ကြသည်။

၁၉၆၂ခုနှစ်၏ ဇူလိုင် ၇ ရက်နေ့ သည် တက္ကသိုလ်ကျောင်းဝန်းတစ်ခုလုံး အမှောင်ဖုံး ခဲ့သည့်နေ့ တစ်နေ့ဖြစ်ခဲ့သည်။ထို့နေ့က တကသ အဖွဲက ကြီးမှူးပြီး သမဂ္ဂအဆောက်အအုံ မှာ ကျောင်းသားထု အစည်းအဝေး ကျင်းပခဲ့သည်။ တင်းကျပ်သည့် အဆောင်စည်းကမ်း များကို ဖျက်သိမ်းပေး ရန် တောင်းဆိုခဲ့သည် ။ စစ်အစိုးရက နေ့တွင်းချင်း တကသ ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

ထို့နောက် ကျောင်းဝင်းအတွင်းသို့ စစ်ကားများရာက်ရှိလာပြီး အဓိပတိလမ်းနှင့် တကသ အဆောက်အအုံရှေ့ တွင် စုဝေးနေသည့် ကျောင်းသားများကို ဂျီသရီးဖြင့် ပစ်ခတ်ခဲ့ သည်။ သေနတ်ထိမှန်သည့်ကျောင်းသားများ အဓိပတိလမ်းပေါ် တွင်ပြန့်ကျဲနေခဲ့သည် ။
နောက်တစ်နေ့ ဇူလိုင် ၈ ရက်၊ မနက်စောစောတွင် စစ်အစိုးရက သမိုင်းဝင်ကျောင်းသား သမဂ္ဂအဆောက်အဦးကို ပြင်းထန်သောဖောက်ခွဲသံနှင့်အတူ ဖျက်စီးပစ်လိုက်ကြသည်။

သမဂ္ဂ အဆောက်အဦးကို အမြစ်မကျန်ပြို့ကျပျက်စီးသွားစေရန်စနစ်ကျသည့် ဖျက်စီးမှု ကို ပြုလုပ်ရန် မည်သူ အမိန့်ပေးခိုင်းစေခဲ့သည်ကို စစ်အစိုးရက ယနေ့တိုင် ထုတ်ဖော် ၀န်ခံခြင်းမရှိခဲ့ပေ။

သတင်း- စိုင်းဟန် ၊ မောင်နိုး

The Ladies News Journal

 

Vote: 
No votes yet

Add new comment