မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နေလျင် ပျမ်းမျှ လူ ၁၇ဦး ယာဉ်တိုက်မှုဖြင့်သေဆုံးနေ

မြန်မာတစ်နိုင်ငံလုံးအနေအထားဖြင့် ၂၀၁၅ခုနှစ်အတွင်း ယာဉ်တိုက်မှု အရေ အတွက်များအရ ပျမ်းမျှ အားဖြင့် နေ့စဉ်ယာဉ် မတော် တဆမှု(၄၈.၄၀)မှုဖြစ်ပွားနေပြီး ဒဏ်ရာရသူ (၈၆.၃၃) ဦး၊ သေဆုံးသူ(၁၇.၇၅)ဦးရှိခဲ့ကြောင်း သိရပြီး ယာဉ်မတော် တဆဖြစ်ပွားမှုများကို ယာဉ်ထိန်းရဲ အဖွဲ့များက စစ်ဆေးရာတွင် ယာဉ်မောင်း လိုင်စင်မရှိဘဲ မောင်းနှင်မှုကြောင့် ဖြစ်ပွားမှုများပြားသည်ကို စစ်ဆေးတွေ့ ရှိခဲ့ရကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး(နေပြည်တော်)မှသိရှိရသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လပထမအပတ် အထိ မြန်မာ တစ်နိုင်ငံလုံး ၌ယာဉ်မတော်တဆမှု ရှစ်ထောင် ကျော်ဖြစ်ပွားခဲ့ရာတွင် ဒဏ်ရာရသူ တစ်သောင်းကျော်နှင့် သေဆုံးသူဦးရေ နှစ်ထောင်
နီးပါးရှိခဲ့ကြောင်း သိရသည်။

“ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများအသက်အန္တရာယ်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်း ကျဆင်း လာစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုအများပြည်သူဆိုင်ရာလမ်းပေါ်တွင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသော ယာဉ်မောင်းလိုင်စင် စည်းကမ်းချက် များနှင့်အညီ မောင်းနှင်ကြရန် လိုအပ်ပါတယ်။”ဟု နေပြည်တော် အမှတ်(၁)ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ရဲခိုင်က ပြောသည်။

၂၀၁၄ ခုနှစ်အတွင်းကလည်း ယာဉ်မတော်တဆမှု(၁၄၇၈၁)မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်တိုက်မှု (၈၀၁၅)ခုရှိခဲ့ကာ ဒဏ်ရာရသူ (၂၅၀၁၄) ဦးနှင့် သေဆုံးသူ(၄၁၆၃)ဦးရှိခဲ့ပြီး ပျမ်းမျှ အားဖြင့် နေ့စဉ် ယာဉ်မတော်တဆမှု (၄၀.၅၀) ခု ဖြစ်ပွားရာတွင် ဒဏ်ရာရသူ(၆၈.၅၃) ဦးနှင့် သေဆုံးသူ(၁၁.၄၁)ဦးရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်)မှ သိရသည်။

သတင်း -MMK
The Ladies News Journal

 

Vote: 
No votes yet

Add new comment