ေကာ္ရႈျခင္းႏွင့္ပတ္သက္၍ ဥပေဒနည္းဥပေဒမ်ား မထုတ္ျပန္မီကာလအတြင္း လူ႔စြမ္းအား အရင္းအျမစ္မ်ားဆုံးရႈံးမႈ မျဖစ္ေပၚေစေရးေဆာင္ရြက္လ်က္ရွိ

ေကာ္ရႈျခင္းႏွင့္ပတ္သက္၍ ဥပေဒနည္းဥပေဒမ်ား မထုတ္ျပန္မီကာလအတြင္း လူ႔စြမ္းအား အရင္းအျမစ္မ်ားဆုံးရႈံးမႈမျဖစ္ေပၚေစေရးေဆာင္ရြက္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး လူမႈေရးဝန္ႀကီး ဦးနိုင္ငံလင္းက ေဖေဖာ္၀ါရီ ၂၆ ရက္တြင္ ေျပာၾကားလိုက္သည္။
 
ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေ၀းတြင္ အလုံၿမိဳ႕နယ္၊ မဲဆႏၵနယ္ အမွတ္(၂) ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚႏြယ္ႏြယ္ဝင္းက “ယေန႔ေလလြင့္ကေလးငယ္မ်ားအပါအဝင္ ေက်ာင္းသား/ေက်ာင္းသူ အခ်ိဳ႕ပါ သုံးစြဲေဆာင္ရြက္ေနသည့္ အရပ္ အေခၚ ေကာ္ရႉျခင္းကိစၥရပ္ႏွင့္ပတ္သက္၍ ဥပေဒ၊ နည္းဥပေဒမ်ား မထုတ္ျပန္မီကာလအတြင္း လူ႔စြမ္းအား အရင္းအျမစ္မ်ား ဆုံးရႈံးမႈ မျဖစ္ေပၚေစေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးအရအဖြဲ႕က မည္ကဲ့သို႔စီမံ လုပ္ေဆာင္ေပးနိုင္မည္ကိုသိုလိုေၾကာင္း”ေမးျမန္းခဲ့မႈအား ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
 
ေလလြင့္ကေလးမ်ားအပါအဝင္ ေက်ာင္းသား/ေက်ာင္းသူအခ်ိဳ႕ပါ သုံးစြဲ ေဆာင္ရြက္ ေနသည့္ အရပ္အေခၚ ေကာ္ရႉျခင္းကိစၥရပ္ႏွင့္ပတ္သက္၍ ဥပေဒ၊ နည္းဥပေဒမ်ား မထုတ္ျပန္မီ လူ႔စြမ္းအားအရင္းအျမစ္မ်ား ဆုံးရႈံးမႈမျဖစ္ေပၚေစေရး အတြက္ ရန္ကုန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ဦးေဆာင္မႈျဖင့္ ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးႏွင့္ က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာနတို႔ ပူးေပါင္း၍ (၂၀၁၈-၂၀၁၉) ပညာသင္ႏွစ္၊ ရန္ကုန္တိုင္းေဒသႀကီး (တိုင္းေဒသႀကီးအဆင့္) ေက်ာင္းက်န္းမာေရးေကာ္မတီမ်ား ဖြဲ႕စည္းၿပီး က်န္းမားေရးအဆင့္ျမႇင့္ေက်ာင္းမ်ား ထူေထာင္နိုင္ေရးအတြက္ အေကာင္ အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိသည္။
 
ထို႕အတူ ေက်ာင္းႏွင့္ ေက်ာင္းပတ္ဝန္းက်င္ ေပ(၁၀၀)အကြာတြင္ ေဆးလိပ္၊ အရက္ႏွင့္ ကြမ္းယာဆိုင္မ်ား ဖြင့္လွစ္ျခင္းမရွိေစရန္ က်န္းမာေရးဌာနအပါအဝင္ သက္ဆိုင္ရာ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ စည္ပင္သာယာေရး စေသာအဖြဲ႕ အစည္းမ်ားႏွင့္ ေက်ာင္းက်န္းမာေရးဌာနတို႔ ပူးေပါင္း၍ ဆုေပး၊ ဒဏ္ေပးစနစ္ျဖင့္ ဥပေဒအသက္ဝင္လာေစရန္ ဝိုင္းဝန္းႀကိဳးပမ္းအားထုတ္ေပးရန္ လိုအပ္လ်က္ ရွိေၾကာင္းလည္း ၀န္ႀကီး ဦးႏိုင္ငံလင္းက ထည့္သြင္းေျပာၾကားခဲ့သည္။
 
ေကာ္ရႉျခင္း ကိစၥရပ္ႏွင့္ ပတ္သက္၍ ဥပေဒ၊ နည္းဥပေဒမ်ား မထုတ္ျပန္မီ ကာလ အတြင္း လူ႔စြမ္းအား အရင္းအျမစ္မ်ားဆုံးရႈံးမႈ မျဖစ္ေပၚေစေရးအတြက္ သက္ဆိုင္ရာ ဌာနမ်ားႏွင့္ ခ်ိတ္ဆက္၍ အေျခခံပညာ ေက်ာင္းမ်ားမွ တတ္စြမ္းသေရြ႕ ေဆာင္ရြက္ လ်က္ရွိၿပီး အနာဂတ္ လူသားေကာင္းမ်ား ထြက္ေပၚလာေရး အတြက္ အေကာင္းဆုံး ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၀န္ႀကီး ဦးႏိုင္ငံလင္းက ေျပာၾကား ခဲ့သည္။
 
The Ladies News
ကော်ရှုခြင်းနှင့်ပတ်သက်၍ ဥပဒေနည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များဆုံးရှုံးမှု မဖြစ်ပေါ်စေရေးဆောင်ရွက်လျက်ရှိ
--- --- ---
ကော်ရှုခြင်းနှင့်ပတ်သက်၍ ဥပဒေနည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များဆုံးရှုံးမှုမဖြစ်ပေါ်စေရေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
 
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် အလုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက “ယနေ့လေလွင့်ကလေးငယ်များအပါအဝင် ကျောင်းသား/ကျောင်းသူ အချို့ပါ သုံးစွဲဆောင်ရွက်နေသည့် အရပ် အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့က မည်ကဲ့သို့စီမံ လုပ်ဆောင်ပေးနိုင်မည်ကိုသိုလိုကြောင်း”မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 
လေလွင့်ကလေးများအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲ ဆောင်ရွက် နေသည့် အရပ်အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး အတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ (၂၀၁၈-၂၀၁၉) ပညာသင်နှစ်၊ ရန်ကုန်တိုင်းဒေသကြီး (တိုင်းဒေသကြီးအဆင့်) ကျောင်းကျန်းမာရေးကော်မတီများ ဖွဲ့စည်းပြီး ကျန်းမားရေးအဆင့်မြှင့်ကျောင်းများ ထူထောင်နိုင်ရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
 
ထို့အတူ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် ပေ(၁၀၀)အကွာတွင် ဆေးလိပ်၊ အရက်နှင့် ကွမ်းယာဆိုင်များ ဖွင့်လှစ်ခြင်းမရှိစေရန် ကျန်းမာရေးဌာနအပါအဝင် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေး စသောအဖွဲ့ အစည်းများနှင့် ကျောင်းကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့် ဥပဒေအသက်ဝင်လာစေရန် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးရန် လိုအပ်လျက် ရှိကြောင်းလည်း ဝန်ကြီး ဦးနိုင်ငံလင်းက ထည့်သွင်းပြောကြားခဲ့သည်။
 
ကော်ရှူခြင်း ကိစ္စရပ်နှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီ ကာလ အတွင်း လူ့စွမ်းအား အရင်းအမြစ်များဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်၍ အခြေခံပညာ ကျောင်းများမှ တတ်စွမ်းသရွေ့ ဆောင်ရွက် လျက်ရှိပြီး အနာဂတ် လူသားကောင်းများ ထွက်ပေါ်လာရေး အတွက် အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြား ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment