ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီ အစည္းအေဝးတြင္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္း(၃)ခုအတည္ျပဳ

ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီ အစည္းအေဝးတြင္ နိုင္ငံျခား ရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္း(၃)ခုအတည္ျပဳေပးခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က သတင္းထုတ္ျပန္သည္။
 
ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီ ဥကၠ႒၊ တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းသည္ ရန္ကင္းၿမိဳ႕နယ္၊ စိမ္းလဲ့ေမလမ္းသြယ္ရွိ တိုင္းေဒသႀကီး ရင္းႏွီးျမႇုပ္ႏွံမႈ ေကာ္မတီ႐ုံး၊ အစည္းအေဝးခန္းမ၌ ျပဳလုပ္သည့္ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီ၏ အစည္းအေဝးအမွတ္စဥ္ (၄/၂၀၂၀) သို႔ တက္ေရာက္ခဲ့ၿပီး ရင္းႏွီးျမႇုပ္ႏွံမႈ ဥပေဒႏွင့္အညီ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေဆာင္ရြက္မည့္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္း(၃)ခုကို အတည္ျပဳ ေပးခဲ့သည္။
 
နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ လုပ္ငန္းမ်ား၏ မတည္ေငြရင္း ပမာဏ စုစုေပါင္းမွာ အေမရိကန္ေဒၚလာ ၇.၂၈၀ သန္းျဖစ္ၿပီး ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္း (၂,၆၅၅)ဦးအတြက္ ဖန္တီးေပးနိုင္မည္ျဖစ္ေၾကာင္း သိရသည္။
 
အဆိုပါ အစည္းအေဝးသို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီး ဦးဟံထြန္း၊ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳး၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးမ်ိဳးေအာင္ေဌးႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။
 
The Ladies News
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃)ခုအတည်ပြု
--- --- ---
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃)ခုအတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
 
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ရန်ကင်းမြို့နယ်၊ စိမ်းလဲ့မေလမ်းသွယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀) သို့ တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၃)ခုကို အတည်ပြု ပေးခဲ့သည်။
 
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇.၂၈၀ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၂,၆၅၅)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment