AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႔မ်ား ေထာင္ထားေသာ ေဒသႏၱရ နင္းမုိင္းတစ္လုံး နင္းမိ၍ ေအာင္ဘေက်းရြာေနသူ တစ္ဦးေသဆုံး

AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႔မ်ား ေထာင္ထားေသာ ေဒသႏၱရ နင္းမုိင္းတစ္လုံး နင္းမိ၍ ေအာင္ဘေက်းရြာေနသူ တစ္ဦးေသဆုံးသြားခဲ့ေၾကာင္း တပ္မေတာ္က သတင္းေဖာ္ျပထားသည္။
 
ျဖစ္စဥ္မ်ာ ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေအာင္ဘေက်းရြာေန ေဆာ္လာမဒူလာ (ဘ) ဟူေဆာင္းအာမတ္သည္ ေဖေဖာ္၀ါရီ ၂၆ ရက္၊ ညေန ၃ နာရီ ၁၅ မိနစ္ခန္႔တြင္ ႏြားေက်ာင္းေနစဥ္ ေက်းရြာ၏ အေရွ႕ေျမာက္ဘက္ မီတာ ၁၀၀၀ ခန္႔အကြာသုိ႔ အေရာက္၌ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႕မ်ား ေထာင္ ထားေသာ ေဒသႏၱရနင္းမုိင္း တစ္လုံးအား နင္းမိေပါက္ကြဲ၍ ယာဘက္ ေျခေထာက္ေျခခ်င္း၀တ္ အထက္ျပတ္ဒဏ္ရာႏွင့္ ယာဘက္ေပါင္ ေပါက္ၿပဲဒဏ္ရာမ်ား ရရွိခဲ့သည္။ အဆုိပါမုိင္းထိလူနာအား ဘူးသီးေတာင္ ျပည္သူ႔ေဆး႐ုံသုိ႔ ပုိ႔ေဆာင္စဥ္ ညေန ၄ နာရီ ၁၅ မိနစ္ခန္႔တြင္ ရရွိဒဏ္ရာမ်ားေၾကာင့္ ေသဆုံးခဲ့ေၾကာင္း သိရွိရသည္။
 
AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား အေနျဖင့္ ဘဂၤါလီ ေက်းရြာမ်ားအနီး မုိင္းေထာင္ျခင္းမ်ား ျပဳလုပ္ျခင္းေၾကာင့္ ဇန္န၀ါရီ ၇ ရက္တြင္ ထိပ္တူေပါက္ေက်းရြာ၌ လည္းေကာင္း၊ ေဖေဖာ္၀ါရီ ၁၈ ရက္တြင္ ဆင္ေသျပင္(ဘဂၤါလီ) ေက်းရြာ၌ လည္းေကာင္း ေဒသခံမ်ား ေသေက်ထိခုိက္ ဒဏ္ရာရရွိမႈမ်ား ျဖစ္ပြားခဲ့သည္။ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား အေနျဖင့္ မုိင္းေထာင္ရာတြင္ ေက်းရြာ အ၀င္/အထြက္လမ္းမ်ား၌ မုိင္းေထာင္ျခင္း၊ ေဒသခံမ်ား၏ လယ္ယာ၊ ေတာင္ယာမ်ား ၀န္းက်င္၌ မုိင္းေထာင္ျခင္း၊ ဆက္သြယ္ေရး လမ္းေၾကာင္းမ်ားေပၚ၌ မုိင္းေထာင္ ျခင္းမ်ား ျပဳလုပ္လ်က္ ရွိျခင္းတုိ႔ေၾကာင့္ ရခုိင္ျပည္နယ္အတြင္း ယေန႔အထိ AA အၾကမ္း ဖက္ ေသာင္းက်န္းသူမ်ား ေထာင္ထားသည့္ မုိင္းနင္းမိ၍ ေသဆုံးခဲ့သည့္ အရပ္သား ၁၄ ဦး၊ ဒဏ္ရာ ရရွိသူ ၃၅ ဦးရွိၿပီျဖစ္ေၾကာင္း သတင္း ရရွိသည္။
 
Credit - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး
The Ladies News
AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိ၍ အောင်ဘကျေးရွာနေသူ တစ်ဦးသေဆုံး
--- --- ---
 
AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များ ထောင်ထားသော ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိ၍ အောင်ဘကျေးရွာနေသူ တစ်ဦးသေဆုံးသွားခဲ့ကြောင်း တပ်မတော်က သတင်းဖော်ပြထားသည်။
 
ဖြစ်စဉ်မျာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အောင်ဘကျေးရွာနေ ဆော်လာမဒူလာ (ဘ) ဟူဆောင်းအာမတ်သည် ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် နွားကျောင်းနေစဉ် ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ ထောင် ထားသော ဒေသန္တရနင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲ၍ ယာဘက် ခြေထောက်ခြေချင်းဝတ် အထက်ပြတ်ဒဏ်ရာနှင့် ယာဘက်ပေါင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါမိုင်းထိလူနာအား ဘူးသီးတောင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရရှိဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
 
AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ဘင်္ဂါလီ ကျေးရွာများအနီး မိုင်းထောင်ခြင်းများ ပြုလုပ်ခြင်းကြောင့် ဇန်နဝါရီ ၇ ရက်တွင် ထိပ်တူပေါက်ကျေးရွာ၌ လည်းကောင်း၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆင်သေပြင်(ဘင်္ဂါလီ) ကျေးရွာ၌ လည်းကောင်း ဒေသခံများ သေကျေထိခိုက် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။ AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မိုင်းထောင်ရာတွင် ကျေးရွာ အဝင်/အထွက်လမ်းများ၌ မိုင်းထောင်ခြင်း၊ ဒေသခံများ၏ လယ်ယာ၊ တောင်ယာများ ဝန်းကျင်၌ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများပေါ်၌ မိုင်းထောင် ခြင်းများ ပြုလုပ်လျက် ရှိခြင်းတို့ကြောင့် ရခိုင်ပြည်နယ်အတွင်း ယနေ့အထိ AA အကြမ်း ဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးခဲ့သည့် အရပ်သား ၁၄ ဦး၊ ဒဏ်ရာ ရရှိသူ ၃၅ ဦးရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။
 
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

 

Vote: 
No votes yet

Add new comment