လမ္းႀကဳံလုိက္ပါလာသည့္ ေက်ာင္းဆရာမကုိ ရုိက္ႏွက္ လုယက္သူတုိ႔အား ဖမ္းဆီးရမိ

ေက်ာင္းမွ အိမ္အျပန္ ကားျဖင့္ လမ္းႀကဳံလုိက္ပါလာသည့္ ေက်ာင္းဆရာမကုိ ရုိက္ႏွက္လုယက္သူတုိ႔အား ဖမ္းဆီးရမိခဲ့ၿပီး အမႈဖြင့္ အေရးယူ ေဆာင္ရြက္လ်က္ ရွိေၾကာင္း မႏၱေလးတုိင္းေဒသႀကီး ရဲတပ္ဖြဲ႕ထံက သတင္းရရွိသည္။
 
ျဖစ္စဥ္မွာ ၁၄-၂-၂၀၂၀ ရက္ေန့ ညေန ၃ နာရီ ၁၅ ေဒၚေအးေအးခိုင္ (၄၃)ႏွစ္၊ မူလတန္းျပဆရာမ၊ ဝက္ခ်ဳပ္ကုန္း အေျခခံပညာမူလတန္းေက်ာင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႔ေနသူ သည္ တစ္ေက်ာင္းတည္း တာဝန္ထမ္းေဆာင္ေနသူ မူလတန္းျပဆရာမ ေဒၚၾကည္ဆန္း(၃၄)ႏွစ္ ႏွင့္အတူ ေက်ာင္းမွ အိမ္ျပန္ရန္ မိတၴီလာ-ေက်ာက္ပန္းေတာင္း ကားလမ္းတြင္ ကားေစာင့္ေနစဉ္ အမည္မသိ အမ်ိဳးသားတစ္ဦး ေမာင္းႏွင္ၿပီး‌ ေဘးတြင္အမ်ိဳးသမီးတစ္ဦး လိုက္ပါလာသည့္ (ယာဉ္နံပါတ္မမွတ္မိ၊ ယာဉ္အမ်ိဳးအစားမသိ) ခဲညိုေရာင္ ယာဉ္ျဖင့္ လမ္းႀကံဳအတူလိုက္ပါခဲ့ရာ ေဒၚၾကည္ဆန္း(၃၄)ႏွစ္မွ လမ္းတြင္ဆင္းသြားၿပီးေနာက္ အမည္မသိယာဉ္ေမာင္း အမ်ိဳးသားမွာ ေဒၚေအးေအးခိုင္ ထိုင္သၫ့္ ေနာက္ခန္းသို႔ ေရာက္လာၿပီး လက္ဝါးျဖင့္ရိုက္ရာ သတိေမ့သြားခဲ့ေၾကာင္း၊ ည ၁၀ နာရီ အခ်ိန္ခန႔္ သတိရသၫ့္အခါ ခႏၶာကိုယ္တြင္ဝတ္ဆင္ထားေသာ ေရႊထည္ပစၥည္း(၄)မ်ိဳး၊ VIVO အမ်ိဳးအစား အနက္ေရာင္ ဖုန္း(၁)လံုး၊ ေငြစကၠူ ေရာရာ(၅၂၀၀၀)က်ပ္၊ အျခားအသံုးအေဆာင္ပစၥည္းမ်ားထၫ့္ထားသၫ့္ လက္ကိုင္အိတ္တို႔မွ ေပ်ာက္ဆံုးေနသည္ကို ေတြ့ရိွရသျဖင့္ ရိုက္ႏွက္ၿပီး ပစၥည္းမ်ားအား လုယူသြားသူ တရားခံမ်ားအား စံုစမ္းေဖာ္ထုတ္ အေရးယူေပးပါရန္ ၁၇-၂-၂၀၂၀ ရက္ေန့ ည ၉ နာရီအခ်ိန္ လာေရာက္တိုင္တန္း၍ ေက်ာက္ပန္းေတာင္းၿမိဳ႔နယ္ လက္ပံပ်ားနယ္ေျမရဲစခန္း (ပ)၃/၂၀၂၀၊ ရာဇသတ္ႀကီး ပုဒ္မ ၃၉၄ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ ခဲ့ပါသည္။
 
အမႈဖြင့္စစ္ေဆးသၫ့္ေန့မွစ၍ မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႔ တိုင္းမႈခင္းအကူဌာနစု၊ မႏၲေလးတိုင္းေဒသႀကီး မႈခင္းရဲတပ္ဖြဲ႔၊ ေညာင္ဦးခရိုင္ မႈခင္းႏိွမ္နင္းေရးဌာနစိတ္၊ ေက်ာက္ပန္းေတာင္း ၿမိဳ႔မရဲစခန္းမွ တပ္ဖြဲ႔ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႔သည္ တရားခံဖမ္းဆီးရမိေရးအတြက္ မ်က္ေျခမျပတ္ စံုစမ္းေဆာင္ရြက္ခဲ့ရာ မသကၤာဖြယ္ MDY 7F/ ×××× Ractis အမ်ိဳးအစား ခဲေရာင္ယာဉ္အား စံုစမ္းသိရိွခဲ့ရၿပီးေနာက္ ၄ယာဉ္သြားလာႏိုင္သၫ့္ လမ္းတေလ်ွာက္ စံုစမ္းေဆာင္ရြက္ျခင္း၊ အဆိုပါ ယာဉ္သြားလာခဲ့သၫ့္ ၿမိဳ႔မ်ားရိွ တည္းခိုခန္းအား စံုစမ္းေဆာင္ရြက္ျခင္း၊ ေရွာင္ကြင္းသြားလာႏိုင္သၫ့္လမ္းေၾကာင္းမ်ားအား စံုစမ္းျခင္းမ်ားအား ေန့/ညမနား စံုစမ္းစစ္ေဆးေဆာင္ရြက္ခဲ့ရာ ၂၅-၂-၂၀၂၀ ရက္ေန့ နံနက္ ၈ နာရီ ၁၅ အခ်ိန္ ျမင္းၿခံျမိဳ႔နယ္၊ အမွတ္(၁၉)ရပ္ကြက္ရိွ တည္းခိုခန္းတစ္ခုတြင္ ယာဉ္အမွတ္ MDY 7F/ ×××× Ractis အမ်ိဳးအစား ခဲေရာင္ယာဉ္ႏွင့္အတူ မသကၤာတရားခံမ်ားျဖစ္ေသာ ေဝယံႏိုင္(ခ)ကိုစိုင္း (၄၁)ႏွစ္၊ (ဘ)ဦးထြန္းသန္း၊ မေကြးၿမိဳ႔ေနသူႏွင့္ ျဖဴျဖဴတိုး (၃၇)ႏွစ္၊ (ဘ)ဦးသန္းေဌး၊ ေညာင္ေျခေထာက္ ေက်းရြာ၊ ျဖဴးၿမိဳ႔ေနသူတို႔အား သက္ေသခံေရႊထည္ပစၥည္းမ်ားႏွင့္အတူဖမ္းဆီးရမိခဲ့၍ အမႈျဖင့္ ဆက္လက္စစ္ေဆး ေဆာင္ရြက္လ်က္ရိွေၾကာင္း သတင္းရရိွသည္။
 
Credit - မႏၱေလးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕
The Ladies News
လမ်းကြုံလိုက်ပါလာသည့် ကျောင်းဆရာမကို ရိုက်နှက် လုယက်သူတို့အား ဖမ်းဆီးရမိ
--- ---- ---
 
ကျောင်းမှ အိမ်အပြန် ကားဖြင့် လမ်းကြုံလိုက်ပါလာသည့် ကျောင်းဆရာမကို ရိုက်နှက်လုယက်သူတို့အား ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သတင်းရရှိသည်။
 
ဖြစ်စဉ်မှာ ၁၄-၂-၂၀၂၀ ရက်နေ့ ညနေ ၃ နာရီ ၁၅ ဒေါ်အေးအေးခိုင် (၄၃)နှစ်၊ မူလတန်းပြဆရာမ၊ ဝက်ချုပ်ကုန်း အခြေခံပညာမူလတန်းကျောင်း၊ ကျောက်ပန်းတောင်းမြို့နေသူ သည် တစ်ကျောင်းတည်း တာဝန်ထမ်းဆောင်နေသူ မူလတန်းပြဆရာမ ဒေါ်ကြည်ဆန်း(၃၄)နှစ် နှင့်အတူ ကျောင်းမှ အိမ်ပြန်ရန် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းတွင် ကားစောင့်နေစဉ် အမည်မသိ အမျိုးသားတစ်ဦး မောင်းနှင်ပြီး‌ ဘေးတွင်အမျိုးသမီးတစ်ဦး လိုက်ပါလာသည့် (ယာဉ်နံပါတ်မမှတ်မိ၊ ယာဉ်အမျိုးအစားမသိ) ခဲညိုရောင် ယာဉ်ဖြင့် လမ်းကြုံအတူလိုက်ပါခဲ့ရာ ဒေါ်ကြည်ဆန်း(၃၄)နှစ်မှ လမ်းတွင်ဆင်းသွားပြီးနောက် အမည်မသိယာဉ်မောင်း အမျိုးသားမှာ ဒေါ်အေးအေးခိုင် ထိုင်သည့် နောက်ခန်းသို့ ရောက်လာပြီး လက်ဝါးဖြင့်ရိုက်ရာ သတိမေ့သွားခဲ့ကြောင်း၊ ည ၁၀ နာရီ အချိန်ခန့် သတိရသည့်အခါ ခန္ဓာကိုယ်တွင်ဝတ်ဆင်ထားသော ရွှေထည်ပစ္စည်း(၄)မျိုး၊ VIVO အမျိုးအစား အနက်ရောင် ဖုန်း(၁)လုံး၊ ငွေစက္ကူ ရောရာ(၅၂၀၀၀)ကျပ်၊ အခြားအသုံးအဆောင်ပစ္စည်းများထည့်ထားသည့် လက်ကိုင်အိတ်တို့မှ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် ရိုက်နှက်ပြီး ပစ္စည်းများအား လုယူသွားသူ တရားခံများအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ၁၇-၂-၂၀၂၀ ရက်နေ့ ည ၉ နာရီအချိန် လာရောက်တိုင်တန်း၍ ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားနယ်မြေရဲစခန်း (ပ)၃/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အမှုဖွင့် စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။
 
အမှုဖွင့်စစ်ဆေးသည့်နေ့မှစ၍ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းမှုခင်းအကူဌာနစု၊ မန္တလေးတိုင်းဒေသကြီး မှုခင်းရဲတပ်ဖွဲ့၊ ညောင်ဦးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်၊ ကျောက်ပန်းတောင်း မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားခံဖမ်းဆီးရမိရေးအတွက် မျက်ခြေမပြတ် စုံစမ်းဆောင်ရွက်ခဲ့ရာ မသင်္ကာဖွယ် MDY 7F/ ×××× Ractis အမျိုးအစား ခဲရောင်ယာဉ်အား စုံစမ်းသိရှိခဲ့ရပြီးနောက် ၄ယာဉ်သွားလာနိုင်သည့် လမ်းတလျှောက် စုံစမ်းဆောင်ရွက်ခြင်း၊ အဆိုပါ ယာဉ်သွားလာခဲ့သည့် မြို့များရှိ တည်းခိုခန်းအား စုံစမ်းဆောင်ရွက်ခြင်း၊ ရှောင်ကွင်းသွားလာနိုင်သည့်လမ်းကြောင်းများအား စုံစမ်းခြင်းများအား နေ့/ညမနား စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ၂၅-၂-၂၀၂၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ အချိန် မြင်းခြံမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် ယာဉ်အမှတ် MDY 7F/ ×××× Ractis အမျိုးအစား ခဲရောင်ယာဉ်နှင့်အတူ မသင်္ကာတရားခံများဖြစ်သော ဝေယံနိုင်(ခ)ကိုစိုင်း (၄၁)နှစ်၊ (ဘ)ဦးထွန်းသန်း၊ မကွေးမြို့နေသူနှင့် ဖြူဖြူတိုး (၃၇)နှစ်၊ (ဘ)ဦးသန်းဌေး၊ ညောင်ခြေထောက် ကျေးရွာ၊ ဖြူးမြို့နေသူတို့အား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့၍ အမှုဖြင့် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
 
Credit - မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့
The Ladies News

 

Vote: 
No votes yet

Add new comment