မိုင္းတြမ္းၿမိဳ႔နယ္ အတြင္း ေငြက်ပ္သိန္းေပါင္း ၂၁၀၀၀ ခန္႕တန္ဖိုးရွိ မူးယစ္ေဆး၀ါး မ်ားႏွင္႕လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိ

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းတြမ္းၿမိဳ႕နယ္အတြင္း လံုၿခံဳေရး ေဆာင္ရြက္ေနေသာ တပ္ဖြဲ႕၀င္မ်ားသည္ ေဖေဖာ္၀ါရီ ၂၆ ရက္၊ ညေန ၄ နာရီခြဲခန္႔တြင္ ပါဟိုး(အာခါ)ေက်းရြာ၏ အေနာက္ေတာင္ဘက္ မီတာ ၆၀၀ ခန္႔အကြာသို႔ အေရာက္ မုန္ညင္းစိုက္ခင္းႏွင့္ ငွက္ေပ်ာေတာ အတြင္း၌ က်င္းတူးျမႇဳပ္ႏွံထားသည့္ WY စာတန္းပါ စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၁၄၀၀၀၀၀ ျပား(ခန္႔မွန္းတန္ဖိုးေငြ က်ပ္သိန္းေပါင္း ၂၁၀၀၀ ခန္႔)၊ အနီ/အျဖဴေရာင္ ေဆးမႈန္႔ ၈၆ ဒသမ ၅၀ ကီလိုဂရမ္၊ Promethazine(10 ml) ၁၃၀ ဘူး၊ တိပ္ေခြ (ဆာလာအိတ္ျဖင့္) တစ္အိတ္၊ ေဆးျပားထည့္ ပလတ္စတစ္အိတ္ (ဆာလာအိတ္ျဖင့္) ေလးအိတ္ႏွင့္ Acid ကိုးပုလင္းတို႔အား ပိုင္ရွင္မဲ့ သိမ္းဆည္းရမိခဲ့သည္။
 
ဆက္လက္၍ လံုၿခံဳေရး တပ္ဖြဲ႕၀င္မ်ားက ည ၆ နာရီ ၅ မိနစ္ခန္႔တြင္ ၎ေနရာႏွင့္ အနီးတစ္၀ိုက္အား ဆက္လက္ရွာေဖြစဥ္ က်င္းတူးျမႇဳပ္ႏွံ ထားသည့္ ပစၥတိုသံုးလက္၊ ပြိဳင့္-၂၂ ေသနတ္ ႏွစ္လက္၊ တစ္လံုးထိုးေသနတ္ ေျခာက္လက္၊ ပစၥတိုက်ည္အိမ္သံုးခု၊ ပြိဳင့္-၂၂ က်ည္အိမ္ ႏွစ္ခု၊ ၉ မမက်ည္ ၂၉ ေတာင့္၊ ပြိဳင့္-၂၂ က်ည္ ၅၁ ေတာင့္ႏွင့္ ၁၂ ဗို႔က်ည္ ၁၉ ေတာင့္တို႔အား ပိုင္ရွင္မဲ့ထပ္မံ သိမ္းဆည္းရမိခဲ့သည္။ အဆိုပါသိမ္းဆည္းရမိ လက္နက္ခဲယမ္းမ်ား၊ မူးယစ္ေဆး၀ါးမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားအား သက္ဆုိင္ရာသို႔ စနစ္တက် လႊဲေျပာင္း အပ္ႏွံသြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။
 
Credit - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး
The Ladies News
မိုင်းတွမ်းမြို့နယ် အတွင်း ငွေကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
--- --- ---
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် ပါဟိုး(အာခါ)ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၆၀၀ ခန့်အကွာသို့ အရောက် မုန်ညင်းစိုက်ခင်းနှင့် ငှက်ပျောတော အတွင်း၌ ကျင်းတူးမြှုပ်နှံထားသည့် WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၀၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်)၊ အနီ/အဖြူရောင် ဆေးမှုန့် ၈၆ ဒသမ ၅၀ ကီလိုဂရမ်၊ Promethazine(10 ml) ၁၃၀ ဘူး၊ တိပ်ခွေ (ဆာလာအိတ်ဖြင့်) တစ်အိတ်၊ ဆေးပြားထည့် ပလတ်စတစ်အိတ် (ဆာလာအိတ်ဖြင့်) လေးအိတ်နှင့် Acid ကိုးပုလင်းတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။
 
ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ည ၆ နာရီ ၅ မိနစ်ခန့်တွင် ၎င်းနေရာနှင့် အနီးတစ်ဝိုက်အား ဆက်လက်ရှာဖွေစဉ် ကျင်းတူးမြှုပ်နှံ ထားသည့် ပစ္စတိုသုံးလက်၊ ပွိုင့်-၂၂ သေနတ် နှစ်လက်၊ တစ်လုံးထိုးသေနတ် ခြောက်လက်၊ ပစ္စတိုကျည်အိမ်သုံးခု၊ ပွိုင့်-၂၂ ကျည်အိမ် နှစ်ခု၊ ၉ မမကျည် ၂၉ တောင့်၊ ပွိုင့်-၂၂ ကျည် ၅၁ တောင့်နှင့် ၁၂ ဗို့ကျည် ၁၉ တောင့်တို့အား ပိုင်ရှင်မဲ့ထပ်မံ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါသိမ်းဆည်းရမိ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
 
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
 


 

 

Vote: 
No votes yet

Add new comment