အမ်ိဳးသားအက်ိဳးစီးပြားအတြက္ တညီတညႊတ္တည္း လက္ခံ ေဆာင္ရြက္နိုင္ျပီဆိုလွ်င္ တပ္မေတာ္၏ အဓိကတာ၀န္မ်ားကို ထမ္းေဆာင္ရန္ အသင့္ရွိသည္ဟု ဆို

ဘံုအက်ိဳးစီးပြားႏွင့္ အမ်ိဳးသား အက်ိဳးစီးပြားအတြက္ အားလံုးက တညီတညြတ္တည္း လက္ခံေဆာင္ရြက္နိုင္ျပီဆိုလွ်င္ တပ္မေတာ္အေနျဖင့္ တပ္မေတာ္၏ အဓိကတာ၀န္မ်ားကို ထမ္းေဆာင္ ရန္ အဆင့္သင့္ ရွိေနသည္ဟု တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖဲြ႔မွ ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာၾကားသည္။
 
ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္၌ ျပဳလုပ္သည့္ တပ္မေတာ္ သတင္းမွန္ၾကားေရးအဖြဲ႔၏ သတင္းစာ ရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားရာ၌ ထည့္သြင္းေျပာၾကား သြားျခင္းျဖစ္သည္။
 
ဗိုလ္ခ်ဳပ္ထြန္းညီညီက `ဘံုအက်ိဳးစီးပြားနဲ႔ ကၽြန္ေတာ္တို႔နိုင္ငံနဲ႔ ခုနက အမ်ိဴးသား အက်ိဳးစီးပြားအတြက္ကို အားလံုးက တညီတညႊတ္ထဲ လက္ခံေဆာင္ရြက္ နိုင္ျပီဆိုလို႔ရွိရင္ ကၽြန္ေတာ္တို႔ တပ္မေတာ္က ကၽြန္ေတာ္တပ္မေတာ္ရဲ႕ အဓိက တာ၀န္ေတြကို ကၽြန္ေတာ္တို႔ တပ္မေတာ္က ထမ္းေဆာင္ဖို႔ အဆင္သင့္ရွိေနတယ္` ဟု ေျပာၾကားသည္။
 
တပ္မေတာ္ နိုင္ငံေရးက ဘယ္ေတာ့ ထြက္ခြာမလဲဆိုသည္နွင့္ ပတ္သက္ျပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ဥကၠ႒ ဗိုလ္ခ်ဳပ္စိုးနိုင္ဦးက နိုင္ငံေရးအရ အာမခံခ်က္ရွိျပီး လံုျခံဳေရးအရ တည္ျငိမ္းသည့္ အခ်ိန္ဟု ဆိုသည္။
 
ဗိုလ္ခ်ဳပ္စိုးနိုင္ဦးက `တပ္မေတာ္ နိုင္ငံေရးက ဘယ္ေတာ့ ထြက္မလဲဆိုတာမ်ိဳး။ ဒါေတြလည္းပဲ ကၽြန္ေတာ္တို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္တိုင္လည္း အၾကိမ္ၾကိမ္ ေျဖၾကားခဲ့ျပီးျဖစ္ပါ တယ္။ အဓိကေတာ့ ႏွစ္ခ်က္ေပါ့ေလ။ နိုင္ငံေရးအရ အာမခံခ်က္ ရွိျပီးေတာ့ လံုျခံဳေရးအရ တည္ျငိမ္ေအးခ်မ္းမႈရွိတဲ့ အခ်ိန္ဆိုတာမ်ိဳး ဒါ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကိုယ္တိုင္ေျပာထားပါတယ္` ဟုေျပာၾကားသည္။
 
အျမန္ဆံုးလည္း တည္ျငိမ္းေအးခ်မ္းေစျခင္းျပီး တပ္မေတာ္အေနျဖင့္ တည္တည္ျငိမ္ျငိမ္ျဖစ္ေအာင္ ၾကိဳးစားေနသည္ဟုလည္း ဗိုလ္ခ်ဳပ္ထြန္းထြန္းညီ က ေျပာၾကားသည္။
 
`အျမန္းဆံုးလည္း ကၽြန္ေတာ္တို႔က တည္ျငိမ္ေစခ်င္တယ္။ ေအးခ်မ္းေစခ်င္ တယ္။ အျမန္းဆံုးလည္း အားလံုး လိုးလားတဲ့ အေျခအေနမ်ိဳးကို ကၽြန္ေတာ္တို႔ ေဆာင္ရြက္ခ်င္ေနပါတယ္။ ဒါဟာ အားလံုး ပူးေပါင္းေဆာင္ရြက္မွ ရမွာျဖစ္ပါတယ္။ တပ္မေတာ္ တစ္ရပ္ထဲ လုပ္လို႔ လံုး၀မရပါဘူး။ ဒါနဲ႔ ပတ္သက္ျပီး အားလံုးကို ေမတၱာရပ္ခံခ်င္ တယ္။ ကၽြန္ေတာ္တို႔ တပ္မေတာ္အေနနဲ႔ ၾကိဳးစားေနတယ္။ ကၽြန္ေတာ္ တို႔ တပ္မေတာ္အေနနဲ႔ တည္တည္ျငိမ္ျငိမ္ျဖစ္ေအာင္ ႀကဳိးစားေနတယ္ ` ဟု ၄င္းကဆိုသည္။
 
လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အပါအ၀င္ တပ္မေတာ္ေခါင္းေဆာင္မ်ား ေရြးေကာက္ပြဲ ၀င္/မ၀င္ ဆိုသည့္ကိုေတာ့ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေစာင့္ၾကည့္ေပးပါဟု ေျဖၾကားသြားသည္။
 
ေအာင္ရဲေနာင္
The Ladies News
#Unicode
အမျိုးသားအကျိုးစီးပွားအတွက် တညီတညွှတ်တည်း လက်ခံ ဆောင်ရွက်နိုင်ပြီဆိုလျှင် တပ်မတော်၏ အဓိကတာဝန်များကို ထမ်းဆောင်ရန် အသင့်ရှိသည်ဟု ဆို
--- --- ---
 
ဘုံအကျိုးစီးပွားနှင့် အမျိုးသား အကျိုးစီးပွားအတွက် အားလုံးက တညီတညွတ်တည်း လက်ခံဆောင်ရွက်နိုင်ပြီဆိုလျှင် တပ်မတော်အနေဖြင့် တပ်မတော်၏ အဓိကတာဝန်များကို ထမ်းဆောင် ရန် အဆင့်သင့် ရှိနေသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။
 
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်သည့် တပ်မတော် သတင်းမှန်ကြားရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြား သွားခြင်းဖြစ်သည်။
 
ဗိုလ်ချုပ်ထွန်းညီညီက `ဘုံအကျိုးစီးပွားနဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ခုနက အမျိူးသား အကျိုးစီးပွားအတွက်ကို အားလုံးက တညီတညွှတ်ထဲ လက်ခံဆောင်ရွက် နိုင်ပြီဆိုလို့ရှိရင် ကျွန်တော်တို့ တပ်မတော်က ကျွန်တော်တပ်မတော်ရဲ့ အဓိက တာဝန်တွေကို ကျွန်တော်တို့ တပ်မတော်က ထမ်းဆောင်ဖို့ အဆင်သင့်ရှိနေတယ်` ဟု ပြောကြားသည်။
 
တပ်မတော် နိုင်ငံရေးက ဘယ်တော့ ထွက်ခွာမလဲဆိုသည်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက နိုင်ငံရေးအရ အာမခံချက်ရှိပြီး လုံခြုံရေးအရ တည်ငြိမ်းသည့် အချိန်ဟု ဆိုသည်။
 
ဗိုလ်ချုပ်စိုးနိုင်ဦးက `တပ်မတော် နိုင်ငံရေးက ဘယ်တော့ ထွက်မလဲဆိုတာမျိုး။ ဒါတွေလည်းပဲ ကျွန်တော်တို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်လည်း အကြိမ်ကြိမ် ဖြေကြားခဲ့ပြီးဖြစ်ပါ တယ်။ အဓိကတော့ နှစ်ချက်ပေါ့လေ။ နိုင်ငံရေးအရ အာမခံချက် ရှိပြီးတော့ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိတဲ့ အချိန်ဆိုတာမျိုး ဒါ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင်ပြောထားပါတယ်` ဟုပြောကြားသည်။
 
အမြန်ဆုံးလည်း တည်ငြိမ်းအေးချမ်းစေခြင်းပြီး တပ်မတော်အနေဖြင့် တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားနေသည်ဟုလည်း ဗိုလ်ချုပ်ထွန်းထွန်းညီ က ပြောကြားသည်။
 
`အမြန်းဆုံးလည်း ကျွန်တော်တို့က တည်ငြိမ်စေချင်တယ်။ အေးချမ်းစေချင် တယ်။ အမြန်းဆုံးလည်း အားလုံး လိုးလားတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ ဆောင်ရွက်ချင်နေပါတယ်။ ဒါဟာ အားလုံး ပူးပေါင်းဆောင်ရွက်မှ ရမှာဖြစ်ပါတယ်။ တပ်မတော် တစ်ရပ်ထဲ လုပ်လို့ လုံးဝမရပါဘူး။ ဒါနဲ့ ပတ်သက်ပြီး အားလုံးကို မေတ္တာရပ်ခံချင် တယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ ကြိုးစားနေတယ်။ ကျွန်တော် တို့ တပ်မတော်အနေနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားနေတယ် ` ဟု ၄င်းကဆိုသည်။
 
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်ခေါင်းဆောင်များ ရွေးကောက်ပွဲ ဝင်/မဝင် ဆိုသည့်ကိုတော့ ဗိုလ်ချုပ်ထွန်းထွန်းညီက စောင့်ကြည့်ပေးပါဟု ဖြေကြားသွားသည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment