


The Ladies News
#Unicode
အပေါင်းလက္ခာဆောင်သော ဦးတည်မှုတစ်ရပ်ဆီသို့ ဆက်လက်ရှေ့တိုးဆောင်ရွက်နိုင်မည် ဖြစ်
--- --- ---

မြန်မာနိုင်ငံနှင့်ပတ်သက်သော ကြားဖြတ်ဆုံးဖြတ်ချက်တစ်ရပ်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မကြာမီ ထုတ်ပြန်မည်ဟု မိမိတို့မျှော်လင့်ပါသည်၊ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက် မှုအကြောင်း အသိပေးထားသည့် အပြီးသတ် အစီရင်ခံစာတစ်ရပ်ကို ယခုသီတင်းပတ်အစောပိုင်းတွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) က မြန်မာအစိုးရထံသို့ တင်သွင်းခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်းတရားမျှတမှုကို ရှာဖွေရန်နှင့် လူ့အခွင့်အရေးကို ပိုမိုလေးစားတန်ဖိုးထားရေးအတွက် ယင်းတိုးတက်မှုများကို အသုံးချမည်ဟု မိမိတို့မျှော်လင့်ပါသည်။ သည့်အတွက်ကြောင့် နိုင်ငံတစ်နိုင်ငံလုံးအနေဖြင့် အပေါင်းလက္ခာ ဆောင်သော ဦးတည်မှုတစ်ရပ်ဆီသို့ ဆက်လက်ရှေ့တိုး ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

Credit - U.S. Embassy Rangoon
The Ladies News

 

Vote: 
No votes yet

Add new comment