တာမွေမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၂)ရန်ကုန်(အနောက်)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် တာမွေမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၇ ရက်နေ့ ၁၆၀၅ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၂)ရန်ကုန် (အနောက်)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်ရှိ မအိအိသွယ် (ခ)အမိုး ၃၆ နှစ်၏နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တိုက်ခန်းတွင်တွေ့ရှိပြီး ၎င်းအိပ်သည့်အိပ်ခန်းအတွင်းမှ ကော်ဘူး၊ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၈၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၈၄၅ သိန်း)၊ ကော်ဘူးဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၀ သိန်း)၊ ICE အလေးချိန် ၁၃၄၀ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၀၇၂ သိန်း)၊ ဆေးခြောက်အလေးချိန် ၂၉၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂.၀၃ သိန်း)၊ Tramadol ဆေးတောင့် ၃၆၀၀ တောင့်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေ ၃၆၀၀၀ ကျပ်)၊ မူးယစ်ဆေးဝါးချိန်တွယ်ထုပ်ပိုးရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
 
Credit - CCDAC
The Ladies News

 

Vote: 
No votes yet

Add new comment