တာချီလိတ်မြို့၌ သစ်ပင်ခုနစ်သောင်းကျော် စိုက်ပျိုးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ မိုးရာသီ လူထုသစ်ပင် စိုက်ပျိုးပွဲအတွက် ညှိနှိုင်း အစည်းအဝေးကို ပြီးခဲ့သည့်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သတင်းရရှိသည်။
 
အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
 
တာချီလိတ်မြို့တွင် မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲအဖြစ် ဇွန် ၁၉ ရက်၌ မိုင်းဖုန်း (က)ကျေးရွာအုပ်စု မိုင်းဖုန်း ဆရာတော် သာသနာ့နယ်မြေ၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဆွတ်ဆိုင်ကျေးရွာရှိ ရှေးဟောင်း လွယ်ယွန်းခမ်း စေတီတော် အတက်လမ်းများတွင် သစ်ပင် ခုနစ်သောင်းကျော်အား တစ်ချိန်တည်း စုပေါင်း စိုက်ပျိုးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
 
Credit - MOI
The Ladies News

 

Vote: 
No votes yet

Add new comment