e-ID စနစ်အကောင်အထည်ဖော်ရန် မှတ်တမ်းမှတ်ရာများကို Digital စနစ်သို့ ပြောင်းလဲနိုင်ရေးဦးစားပေး ဆောင်ရွက်နေ

e-ID စနစ်အကောင်အထည်ဖော်ရန် မှတ်တမ်းမှတ်ရာများကို Digital စနစ်သို့ ပြောင်းလဲနိုင်ရေးဦးစားပေး ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မေလ ၈ရက်တွင်ပြောသည်။
 
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်းက အမျိုးသား မှတ်ပုံတင် ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ကိုယ်ရေးအချက်အလက် မှတ်တမ်း ဖိုင်တွဲများ အား လက်ရှိအသုံးပြုလျက်ရှိသော စနစ်မှ Digital စနစ်သို့ အမြန်ဆုံးပြောင်း လဲပြုလုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားရာတွင် ယင်းသို့ထည့် သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
 
နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နိုင်ငံတကာ အဆင့်မီသည့် Smart Card ပြောင်းလဲထုတ်ပေးနိုင်ရေးကိစ္စ ကနဦးလေ့လာမှု အစီအစဉ်များကို ၂၀၁၆ ခုနှစ်၊ မေလမှစပြီး ဆောင်ရွက်ခဲ့ကြောင်း၊ Digital စနစ်ဖြင့် နိုင်ငံသားမှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လေ့လာခြင်း၊ ဆွေးနွေးခြင်းနှင့် Seminar များ ဆောင်ရွက်ခဲ့ သည်။
 
စုစုပေါင်း ကမ္ဘာ့ဘဏ်အပါအဝင် အဖွဲ့အစည်း ၅၁ ခုမှ ၇၈ ကြိမ်ထိ ဆွေးနွေးပြီး Seminar လည်း လေးကြိမ်ဆောင်ရွက်ပြီးဖြစ် ပါကြောင်း၊ နိုင်ငံတော် အစိုးရ၏လမ်းညွှန်ချက်နှင့်အညီ Electronic စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက် ရာတွင် တွေ့ကြုံနိုင်သည့်အခက်အခဲများ၊ ကြာမြင့်သည့်အချိန်များ သိရန်စမ်းသပ် ဆောင်ရွက်ခြင်းများကိုလည်း ပြည်ထောင်စုနယ်မြေ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ဆောင်ရွက် ခဲ့သည်။
 
စက္ကူကတ်မှ Smart Card အဖြစ် ပြောင်းလဲနိုင်ရန်အတွက် နိုင်ငံအတွင်း နေထိုင်ခဲ့သည့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက် Biometric Data နှင့် Biographic Data များကို သိမ်းဆည်းပြီး လူတစ်ဦးချင်းစီကို Unit ID နံပါတ်ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ Data Base တွင်လည်း မှတ်ပုံတင်ထိန်းသိမ်းခြင်းကို ပထမအဆင့်နှင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းနှင့် Digital စနစ် ပြောင်းလဲပြီး Smart Card ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း ဒုတိယအနေဖြင့် ဆက်လက် ဆောင်ရွက်သွားရန် လျာထားပြီး စီမံချက်ရေးဆွဲထားသည်။
 
ထို့အတူ ခြားအဖွဲ့အစည်း များနှင့်လည်း ချိတ်ဆက်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ e-Government ဦးဆုံး ကော်မတီ၏ လမ်းညွှန်ချက်အရ e-Government စနစ်အကောင်အထည်ဖော် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် e-ID လုပ်ငန်းသည် အရေးကြီးကြောင်း၊ Digital ပြောင်းလဲရေးလုပ်ငန်းသည် အရေးကြီးသောကြောင့် ဦးစားပေးအဆင့်သတ် မှတ်ထားကြောင်း၊ ထို့ကြောင့် e-ID လုပ်ငန်း ကော်မတီကို မိမိ ဦးစီးသည့်အဖွဲ့ဝင် ၂၈ ဦးနှင့် ဝန်ကြီးဌာနအသီးသီးက ဖွဲ့စည်းပြီးဖြစ်သည်။
 
မိမိတို့တွင်ရှိသည့်ဖိုင်တွဲများ၊ အထောက် အထားစာရွက်စာတမ်း များကလည်း ယခင်ကကဲ့သို့ စက္ကူနည်းစနစ်ဖြင့် မှတ်တမ်းမှတ်ရာ များပေးရသည့်အတွက် ပျက်စီးခြင်းများ၊ ဆုံးရှုံးခြင်းများ၊ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားနေကြောင်း၊ မိမိတို့အနေဖြင့် စီမံချက်ရေးဆွဲချမှတ်ပြီး Digital စနစ်ပြောင်းလဲနိုင် ရန်အတွက် စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ ထို့အတွက် နည်းပညာနှင့် ငွေကြေးလိုအပ်ခြင်းဖြစ်သည့်အတွက် ဝန်ကြီးဌာန အနေဖြင့် စီမံချက်ရေးဆွဲပြီး မိမိတို့၏ ဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံပြီး မှတ်တမ်းမှတ်ရာများကိုလည်း Digital စနစ်သို့ ပြောင်းလဲသွားနိုင်ရေးအတွက် ဦးစားပေး လုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment