တရုတ်စီမံကိန်းများကို ဆန့်ကျင်စရာအကြောင်းမရှိဟု AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ပြောကြား

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအ၀င် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများကို ဆန့်ကျင်စရာ အကြောင်းမရှိဟု ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။
 
ဧပြီလ ၁၇ ရက်နေ့က `၀`အဖွဲ့ (UWSP/UWSA) ၏ ထိန်းချုပ် နယ်မြေ ဖြစ်သည့် ပန်ဆန်းမြို့၌ ပြု လုပ်ခဲ့သည့် သတင်းစာ ရှင်းလင် ပွဲတွင် AA စစ်ဦးစီးချုပ်က သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
 
အင်အားကြီးနိုင်ငံများနှင့် ပတ်သက်လာပါက တတ်နိုင်သမျှ အဆင်ပြေအောင် ကြိုးစားမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ စီမံကိန်းများကို ဆန့်ကျင်ပါက မိမိတို့ပဲ နစ်နာစရာ ရှိသည်ဟု ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။
 
`ကျွန်တော်တို့ တိုင်းပြည်တော့ ဟုတ်တယ်။ ရခိုင်တွေရဲ့ တိုင်းပြည်တော့ ဟုတ်တယ်။ ဒါပေမယ့် ဒီအချိန်မှာ ရခိုင်တွေ မပိုင်ဘူး။ ကျွန်တော်တို့ တိုင်းပြည်ကို ဗဟိုအစိုးရက လက်ညှိထိုးပြီး ရောင်းစားနေတာပဲ။ ကျွန်တော်တို့မှာ ရစရာ ဘာမှမရှိဘူး။ တကယ်လို့ အဲဒီနေရာကနေ ကျွန်တော်တို့အတွက် တချို့ တစ်ဝက်ရခဲ့ရင်တောင်မှ အရှုံးထဲက အမြတ်ပေါ့ဗျာ။ ဒါကြောင့် ကျွန်တော်တို့က တရုတ်ရဲ့ စီမံကိန်းတွေကို ဆန့်ကျင်နေစရာ အကြောင်း လုံးဝမရှိဘူး။ ဒီစီမံကိန်းတွေကြောင့်ပဲ ကျွန်တော်တို့ ပြည်သူလူထုရဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတဲ့ အမြင်ကို ကျွန်တော်တို့က ထားရှိပါတယ်` ဟု ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောကြားသည်။
 
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့ တိုက်ပွဲ များကြောင့် စစ်ဘေးရှာင်ပြည်သူ ၃၀၀၀၀ နီးပါးရှိနေကာ တိုက်ပွဲ များကြောင့် ဒေသခံ အရပ်သားများလည်း ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ ရှိနေသည်။
 
အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment