အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဘိုး ကျပ်သိန်း(၉)ထောင် ကျော်ဖိုး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

အင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဘိုး ကျပ်သိန်း(၉)ထောင် ကျော်ဖိုး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။
 
ဖြစ်စဉ်မှာ ဧပြီလ ၁၇ ရက်၊ ည ၉း၃၀ အချိန် အင်းတော်မြို့နယ်၊ မန္တလေး- မြစ်ကြီးနားသွားလမ်း၊ နဘား လမ်းခွဲတွင် နဘား ရဲကင်းစခန်းမှူး ဒုရဲအုပ် မျိုးသက်နိုင် ဦးစီးအဖွဲ့သည် အင်းတော်မြို့၊ အောင်မင်္ဂလာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အောင်ဇေယျရပ်ကွက် အုပ်ချုပ်ရေးမှူး ပင့်တင်ကျေးရွာ ရပ်မိ/ရပ်ဖ ဦးသီဟ၊ နဘားကျေးရွာ ရပ်မိ/ရပ်ဖများနှင့်အတူ ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်နေစဉ် ကသာမြို့ ဘက်မှ မိုးညှင်းမြို့ဘက်သို့ ဇော်မင်းဦး(ခ) ဇော်မင်း၊ ၂၉နှစ်၊ (ဘ)ဦးစန်းငွေ၊ ခွာညိုလမ်း၊ ဒဂုံအရှေ့ပိုင်းရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး နေသူ မောင်းနှင်လာသော ယာဉ်အမှတ် YGN-5J/xxxx VIGO အနက်ရောင်နှစ်ခန်းတွဲ ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာ ယာဉ်ရှေ့ခန်းနှင့် နောက်ခန်းကြမ်းခင်း အံခွက်အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်လျက် ရောင်စုံဆပ်ပြာခွက် တစ်ခွက်လျှင် ဘိန်းဖြူအမှုန့် (၁၀)ဂရမ်ခန့် စီပါ ဆပ်ပြာခွက်(၆၆၀)ခွက်၊ စုစုပေါင်းအလေးချိန်(၆၆၀၀)ဂရမ်၊ တန်ဖိုး စုစုပေါင်းကျပ်သိန်း (၆၆၀၀)/ အပြာရောင်ကပ်ခွာအိတ် အတွင်း ထည့်လျက် 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား တစ်ထုပ်လျှင်(၂၀၀)ပြားစီပါ (၃၀၀)ထုပ်၊ စုစုပေါင်းဆေးပြား (၆၀၀၀၀)ပြား၊ တန်ဖိုး စုစုပေါင်းကျပ်သိန်း (၃၀၀၀)/ ခရီးဆောင် အိတ်အတွင်း ဇော်မင်းဦး အမည်ပါ နိုင်ငံသား စိစစ်ရေး ကဒ်ပြား(၁)ခုနှင့် မြန်မာငွစက္ကူရောရာ(၂၀၀၀၀၀)ကျပ် တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူ ဇော်မင်းဦး(ခ)ဇော်မင်း အား အရေးယူပေးရန် ဒုရဲအုပ် မျိုးသက်နိုင်မှ တရားလို/အမှုစစ် ပြုလုပ်၍ အင်းတော် မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေဖြင့် အမှုဖွင့် ဖမ်းဆီးရမိ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းလည်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment