၂၀၁၉ ခုနှစ်အတွင်း ရုံတင်ပြသဖို့ရှိနေသည့် အာလာဒင် ရုပ်ရှင်ဇာတ်ကား

ဝေါ့တ်ဒစ္စနေးသည် မီးခွက်စောင့်ဘီလူးနှင့်အာလာဒင် ဇာတ်လမ်းကို လာမည့် ၂၀၁၉ ခုနှစ်တွင် musical romantic fantacy adventure ဇာတ်ကားကောင်းတစ်ကားအနေဖြင့် ပရိသတ်များထံ ယူဆောင်ပေး လာတော့မည်ဖြစ်သည်။
 
အဆိုပါ ဇာတ်ကားတွင် အာလာဒင်အဖြစ် ကနေဒါမင်းသား မီနာမက်ဆူး က ပါဝင်ထားပြီး ဗြီတိန်-အိန္ဒိယ သွေးနှော မင်းသမီး ချော လေး နာအိုမီစကော့သည် ဂျက်စမင် ဇာတ်ကောင်အဖြစ် ပါဝင်ထားသည်။ ထို့အပြင် မီးကွက်စောင့်ဘူးလူး ဇာတ်ကောင်အဖြစ် ပရိသတ်အချစ်တော် မင်းသားကြီး ၀ီလ်စမစ်က ပါဝင်သရုပ်ဆောင် ထားပြီး ဒါရိုက်တာ ဂိုင်းရစ်ချီက ပုံဖော်ဖန်တီး ထားခြင်းဖြစ်သည်။
 
ဝေါ့တ်ဒစ္စနေးသည် အဆိုပါ အာလာဒင်ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်တွင် စတင်ပြသနိုင်ရန် ပြင်ဆင်လျက်ရှိပြီး လက်ရှိအချိန် တွင် အဆိုပါဇာတ်ကားသည် ပရိသတ်များအကြား ဝေဖန်မှုမြင့်တက် လျက်ရှိသည်။ ပရိသတ်များသည် အာလာဒင်ဇာတ်ကောင်နှင့် ပတ်သတ်၍ ဝေဖန်နေကြခြင်းဖြစ်ပြီး Entertainment Weekly မှ ဖော်ပြပြီးနောက်ပိုင်း ၄င်းတို့၏ ဆိုရှယ်မီဒီယာများမှ တစ်ဆင့် ဝေဖန်ခဲ့ကြခြင်းလည်းဖြစ်သည်။
 
source: Entertainment:
The Ladies News

 

Vote: 
No votes yet

Add new comment