Rocky ဇာတ်ကောင်မှ အနားယူပြီဖြစ်ကြောင်း Creed II ဇာတ်ကား ရုံတင်အပြီးတွင် Stallone ကြေညာ

Rocky ဇာတ်ကားသည် နှစ်ပေါင်း ၄၀ ကြာသည့်တိုင်အောင် ပရိသတ်များ၏ ရင်ထဲတွင် ပျောက်ပြယ် မသွားသည့် ဇာတ်ကားကောင်း တစ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ဆီဗက်စ်စတားလုံးက အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ထားပြီး ၄င်း၏ Rocky ဇာတ်ကောင် စရိုက်သည် ကမ္ဘာတစ်ဝှမ်းပရိသတ်များစွာ၏ အားပေးချစ်ခင်မှုကို ခံခဲ့ရသည်။
 
သို့သော် ယခုအခါတွင် အဆိုပါမင်းသားကြီးသည် ၄င်းအနေဖြင့် Rocky ဇာတ်ကောင်နေရာများတွင် ထပ်မံရိုက်ကူး သွားတော့မည် မဟုတ်ကြောင်းနှင့် မကြာသေးမီက ထွက်ရှိခဲ့ပြီး Box Office တွင် အောင်မြင်မှုများရရှိထားသည့် Creed II ဇာတ်လမ်းသည် ၄င်း၏ နောက်ဆုံး Rocky ဇာတ်ကောင်ဖြစ်ကြောင်း ၄င်း၏ အင်စတာဂရမ် တွင် အတိအလင်း ထုတ်ပြန်ကြေညာထားသည်။
 
“ကျွန်တော် Rocky ကာရိုက်တာကို ၂၀၀၆ ခုနှစ်တည်းက အဆုံးသတ်သွားပြီလို့ ထင်ခဲ့တာပါ။ ဒါပေမယ့် စိန်ခေါ်မှုအသစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Creed လိုဇာတ်လမ်းမျိုး ထပ်မံပေါ်ပေါက် လာခဲ့တဲ့အတွက် ကျွန်တော် ၀မ်းသာခဲ့ရပါတယ်။ Michael B .Jorden လိုမျိုး လူငယ်မျိုးဆက်သစ် တစ်ယောက်နဲ့ အတူ လက်တွဲခွင့် ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ နော်က်ပြီး Creed II က Rocky ရဲ့ နောက်ဆုံးဇာတ်လမ်း တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် ဒီလိုဇာတ်ကောင်မျိုးမှာ ပါဝင်ရတာ အရမ်းကို နှစ်သက်မိပါတယ်။ နှစ် ၄၀ ကျော် ကြာအောင် ကျွန်တော့် ကို အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်အခုလို ပြောလိုက်ပေမယ့် Rocky က သေဆုံးသွားတာ မဟုတ်ပါဘူး။ Rocky က ပရိသတ်တွေနားမှာ အမြဲရှိနေမှာပါ” ဟု စတားလုံးက ၄င်း၏ လူမှုကွန်ယက် အင်စတာဂရမ်တွင် အတိအလင်းဖော်ပြထားခဲ့သည်။
 
Creed II ဇာတ်ကားကို မင်းသားကြီး ဆီဗက်စ်စတာအပြင် back panther ဇာတ်ကောင်ဖြင့် ပရိသတ်အားပေးမှုကို ရရှိထားသည့် Michael B.Jorden တို့ အဓိက ပါဝင်ပုံဖော်ထားပြီး အဆိုပါ ဇာတ်ကားသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် box office ၏ အဆင့် ၂ နေရာတွင် ၀င်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကား အဖြစ် ရပ်တည်နိုင်ခဲ့သည်။
 
Source: hindustantimes
The Ladies News
 

 

Vote: 
No votes yet

Add new comment