အတိတ်က မိုက်ပြစ်တွေကို ဖွင့်ဟ၀န်ခံလိုက်တဲ့ ဂျက်ကီချန်း

ဂျက်ကီချမ်းသည် ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး လူအများ၏ အားပေးချစ်ခင်မှုကို ရရှိထားသူလည်း ဖြစ်သည်။ Rush Hour ၊ Rumble in the Bronx စသည့် ဇာတ်လမ်းများဖြင့် နာမည်ကျော်ကြားလာခဲ့သည့် မင်းသားကြီး ဂျက်ကီချန်းသည် ယခုအခါတွင် ၄င်း၏ အတိတ်က ဆိုးမိုက်ခဲ့မှုများကို ဖွင့်ဟ၀န်ခံခဲ့သည်။
 
ဂျက်ကီချန်းသည် ၂၀၁၅ ခုနှစ်တွင် “Never Grow Up“ အမည်ရသည့် စာအုပ်ကို တရုတ်ဘာသာစကားဖြင့် ထုတ်ဝေထားသူဖြစ်ပြီး မကြာသေးမီကမှ အဆိုပါ စာအုပ်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြန်လည်ထုတ်ဝေ ထားသူ လည်းဖြစ်သည်။ Ladbible ဆိုရှယ်မီဒီယာတစ်ခု တွင် ဖော်ပြထားချက်အရ ဂျက်ကီချန်း၏ “Never Grow Up” စာအုပ်သည် ၄င်း၏ ဘ၀ဇာတ်ကြောင်းကို ရေးသားဖော်ပြထားသည့် စာအုပ်ဖြစ်ကြောင်းသိရပြီး အဆိုပါ စာအုပ်တွင် မင်းသားကြီးသည် ငယ်ရွယ်စဉ်က ဆိုးသွမ်းခဲ့သူ တစ်ယောက်ဖြစ်ကြောင်း၊ လောင်း ကစား မက်သူဖြစ်ကြောင်း နှင့် ဖခင်ကောင်းတစ်ယောက် လည်း မဟုတ်ခဲ့ကြောင်း စသည့် အကြောင်းအရာများကို အတိအလင်း ရေးသားဖော်ပြထားကြောင်းလည်း သိရသည်။
 
CNN နှင့် အင်တာဗျူးတစ်ခုတွင်လည်း ၄င်းသည် ငယ်ရွယ်စဉ်က အရက်သေစာ အလွန်သောက်စားသူ တစ်ဦးဖြစ်ကြောင်း နှင့် အတိအလင်းဝန်ခံထားသည်။
 
“ ကျွန်တော်အမြဲလိုလို အရက်မူးပြီး ကားမောင်းလို့ မနက်ပိုင်း စီးလာတဲ့ Porsche တိုက်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ညနေကျတော့ Mercedes-Benz နဲ့ ထပ်မူးနေပြန်တာပါပဲ။” ဟု ဂျက်ကီချန်းက ၀န်ခံပြောကြားခဲ့သည်။
 
ထို့အပြင် မိန်းမနှင့် သား ဂျေစီချန်းန်အပေါ်လည်း မပြုသင့် တာတွေပြုခဲ့မိကြောင်း မင်းသားကြီးက ထပ်မံဝန်ခံထားသည်။ “ကျွန်တော် ဇနီးသည်အပေါ်မှာလည်း ဒေါသအရမ်းဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော် ပရိုဂျူဆာနဲ့ သွားမတွေ့ခင်မှာ သူနဲ့ အိမ်မှာ စကားနည်းနည်းများခဲ့တယ်။ ဒါပေမယ့် ပရိုဂျူဆာနဲ့ ကျွန်တော် အိမ်ပြန်လာတော့ သူနဲ့ သူ့သူငယ်ချင်းက ပျော်ရွှင်နေကြတယ်။ ဒါကို ကျွန်တော် မကျေမနပ်ဖြစ်မိခဲ့တယ်။ ပြီးတော့ ကျွန်တော့်ဆီကို လာတဲ့ ကျွန်တော့်သားကိုလည်း ကျွန်တော့် လက်နဲ့ ဆွဲမြှောက်ပြီး အခန်းထောင်းတစ်နေရာကို လွှင့်ပစ်ခဲ့တယ်။ သူ ဆိုဖာပေါ်ကို ကျသွားတယ်။ ကျွန်တော် ဒီအဖြစ်အပျက်ကို အခုထိ နောင်တရ မိနေတုန်းပါပဲ။ အဲ့အချိန်ကစပြီး ကျွန်တော် အခုအချိန်အထိ ကျွန်တော့်သားကို ကျွန်တော် ရိုက်ပုတ်တာမျိုး မလုပ်တော့ပါဘူး” ဟု ဂျက်ကီချန်းက ထပ်မံဝန်ခံထားသည်။
 
ဆက်လက်ပြီး မင်းသားကြီးက ၄င်းသည် ၁၉၉၉ ခုနှစ်ကလည်း ဇနီး Joan အပေါ် အိမ်ထောင်ရေး ဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း အခုလို ပြောကြားထားသည်။
 
“၁၉၉၉ ခုနှစ်က ကျွန်တော် ဇနီးအပေါ်မှာ မကျူးလွန်သင့်တဲ့ ကိစ္စတစ်ခုကို ကျူးလွန်မိခဲ့ပါတယ်။ ကျွန်တော် အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ပြီး ကလေးရှိနေပြီဆိုတဲ့ သတင်းတွေကို မီဒီယာတွေက အတိအလင်း ရေးသား ဖော်ပြခဲ့ကြတယ်။ ကျွန်တော် ဒီအကြောင်း ကို Joan ကို ဖုန်းနဲ့ပြောပြဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် ကျွန်တော်သူ့ကို ဘာပြောရမှန်းမသိခဲ့ဘူး” ဟု မင်းသားကြီးက ထပ်မံဝန်ခံခဲ့သည်။
 
Source: ladbible
The Ladies News
 

 

Vote: 
No votes yet

Add new comment