NCA တွင် လက်မှတ်ရေထိုးထားသည့် RCSS နှင့် PNLO တို့ တိုက်ပွဲဖြစ်ပွား

NCA တွင် လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်အခြေစိုက် လက်နက်ကိုင်အဖွဲ့ နှစ်ခုဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) တို့ အောက်တိုဘာလ ၁၆ ရက်နေ့က မိုင်းပန်မြို့နယ် အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်စလုံးမှ တာဝန်ရှိသူ များက The Ladies News သို့ အတည်ပြုပြောကြားသည်။
 
RCSS မှ တောင်ကြီးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး စိုင်းဦးက`ဖြစ်တယ်ဆိုတာတော့ ဟုတ်တယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ မိုင်းပန်မြို့နယ်ထဲမှာ ၁၆ ရက်နေ့မှာဖြစ်တာ၊ နှစ်ကြိမ်တော့ ဖြစ်တယ်ပြောတယ်။ မနက်ပိုင်းမှာ တစ်ကြိမ်၊ နေ့လယ်ပိုင်းလောက်မှာ တစ်ကြိမ်ဖြစ်တယ်လို့ ပြောတယ်`ဟု ဆိုသည်။
 
အဆိုပါဒေသရှိ ပအိုဝ်းရွာသူရွာသားများ၏ လုံခြုံမှုအခြေအနေကို PNLO တပ်ဖွဲ့များ သွားရောက်လေ့လာရာမှ ဒေသခံ RCSS တပ်ဖွဲ့နှင့် နားလည်းမှုလွဲပြီး ထိတွေ့မှုဖြစ်ပွားသည်ဟု သိရကြောင်း PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
 
မတော်တဆပစ်ခတ်မှုမှ အကျယ်ကျယ် မဖြစ်အောင် ကာကွယ် ဟန့်တားရမှာဖြစ်ပြီး၊ နယ်မြေများသည်လည်း ဆက်စပ်နေသည့် အတွက်ကြောင့် ရံဖန်ရံခါ နာလည်းမှုလွဲတာမျိုး ဖြစ်သည့်အခါတွင် လူကြီးချင်းညှိနှိုင်းကာ နည်းလမ်းရှာရမည်ဟု ၄င်းကပြောကြားသည်။
 
`နောက် ကျွန်တော်တို့ကလည်း PPST အဖွဲ့ဝင်လည်းဖြစ်၊ NCA လက်မှတ်ထိုးတာခြင်းလည်းတူ၊ နယ်မြေ တွေကလည်း ဆက်စပ်နေ တဲ့အခါကျတော့ ရံဖန်ရံခါ နားလည်းမှုလွဲတာလေး ဖြစ်တဲ့အခါမှာ လူကြီးချင်းကတော့ ပြဿနာမရှိပါဘူး ညှိနှိုင်းလို့ရှိရင်တော့ ကျွန်တော်တို့ နည်းလမ်းရှာလို့ရမှာပေါ့` ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။
 
ဗိုလ်မှူးကြီးစိုင်းဦးကမူ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး PNLO ဆက်ဆံရေးရုံးကို အကြောင်းထားပေမယ့် PNLO ဘက်မှ အဆိုပါကိစ္စကို မသိရှိကြောင်း ပြောကြားသည်ဟု ဆိုသည်။
 
RCSS နှင့် PNLO သည် ပြီးခဲ့လပိုင်းအတွင်လည်း တိုက်ပွဲဖြစ်ပွား မှုများ ရှိခဲ့ဖူးသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment