တောင်ကြီးမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု၊ စခဲကျေးရွာအဝင်လမ်း တွင် မော်တော်ယာဉ်တစ်စီးအားစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။
 
တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်း အဖွဲ့သည် တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု၊ စခဲကျေးရွာအဝင်လမ်းတွင် ဟန်ဇော်ဦး မောင်းနှင်ပြီး မနန်းခမ်း၊ မနန်းမြ နှင့် နော်စန်း တို့ လိုက်ပါလာသည့် TOYOTA HILUX SURF အမျိုးအစားမော်တော်ယာဉ်ကိုရှာဖွေရာ မနန်းခမ်းလွယ်ထား သော လွယ်အိတ်အတွင်းမှ စိတ် ကြွရူးသွပ်ဆေးပြား ၃၉၇၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
အဆိုပါအမှုနှင့်ပတ်သက်၍ မနန်းခမ်း (၄၁) နှစ်၊ မနန်းမြ(၄၆ )နှစ်၊ နော်စန်း(၁၉) နှစ်၊ ဟန်ဇော်ဦး(၃၄) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment