မြန်မာ့ဂုဏ်ကို ထပ်မံဖော်ဆောင်နိုင်ဖို့ Keanu Subba နဲ့ ယှဉ်ပြိုင် ထိုးသတ်သွားမည့် MMA ဖိုက်တာ ဖိုးသော်

အာရှသမိုင်းတွင် အကြီးမားဆုံး ကမ္ဘာ့အားကစားပြိုင်ပွဲများကို ဦးစီးကျင်းပလျက်ရှိသော ONE Championship™ (ONE) သည် အောက်တိုဘာလ ၂၆ ရက်နေ့ (သောကြာနေ့)၊ သုဝဏ္ဏဘူမိ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပမည့် ONE: PURSUIT OF GREATNESS ပွဲအတွက် တွဲဆိုင်း အပြည့်အစုံကို ထုတ်ပြန်ကြေ ညာလိုက်ပြီဖြစ်ပြီး အဓိကပွဲစဉ်အနေဖြင့် ယှဉ်ပြိုင်ထိုးသတ်နေသည့် ဖိုးသော်သည် MIMMA ဖယ်သာဝိတ်တန်းချန်ပီယံဟောင်း Keanu Subba နှင့်ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်သည်။
 
အသက် ၃၃ နှစ်ရှိပြီဖြစ်သော ဖိုးသော်သည် အချိန်တိုလေး အတွင်းမှာ လူသိများထင်ရှားလာသော MMA ဖိုက်တာ တစ်ဦးဖြစ်ပြီး လက်ဝှေ့၊ အာကီဒို နှင့် ကြိုကူရှင် ကရာတေးတို့၌ ကျွမ်းကျင်သော ဖိုးသော်သည် ယခုအခါ လက်ဝှေ့ နှင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ နှစ်မျိုးလုံး၌ ယှဉ်ပြိုင်လျက်ရှိသူလည်းဖြစ်သည်။ ၎င်းသည် လက်ရှိ၌ ကြိုးဝိုင်းတွင် ၆-၀ နှင့် မြန်မာ့လက်ဝှေ့တွင် ၃-၀-၂ မှတ်တမ်းရှိ ထားပြီး အသက်မွေးဝမ်းကြောင်းတစ်လျောက် ၎င်း၏ ဆက်တိုက် ထိုးနှက်မှုများမှာ ထင်ရှားခဲ့ပြီး တွဲဆိုင်း ၆ ခုတွင် ၅ခုကို အလဲထိုးဖြင့် အနိုင်ရယူနိုင်ခဲ့သည်။ ဖိုးသော်သည် ယခုအခါတွင် MIMMA မှ ဖယ်သာဝိတ်တန်းချန်ပီယံဟောင်း Keanu Subba ကို မြန်မာနိုင်ငံ ပရိသတ်များ၏ရှေ့မောက်တွင် ယှဉ်ပြိုင်ထိုးသတ် သွားရတော့ မည်ဖြစ်သည်။
 
MIMMA ဖယ်သာဝိတ်တန်းချန်ပီယံဟောင်း Keanu Subba သည် ထိပ်တန်း ONE Championship flyweights မှ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်သည့် Gianni Subba ၏ ညီဖြစ်သည်။ ၎င်းသည် အားကစားအကြောင်း အခြေခံထားသည့် Reality Show တစ်ခုကို ကြည့်ပြီးနောက် အစ်ကိုဖြစ်သူ၏ ခြေရာအတိုင်းလိုက်ပြီး ၂၀၀၅ ခုနှစ်တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံကို စိတ်ဝင်စားလာခဲ့ သူဖြစ်သည်။ ယနေ့တွင် သူသည် ဝမ်းချန်ပီယံရှစ်၏ ဖယ်သာဝိတ် တန်းတွင် အလားအလာအရှိဆုံးနှင့် အမြင့်ဆုံးအဆင့် သတ်မှတ်ခံရ သူတစ်ဦးလည်းဖြစ်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ပွဲဦးထွက်ခဲ့သော ပွဲစဉ်များ၌ပင် Subba အနေဖြင့် ပြိုင်ဘက်များစွာ အား ပထမအချီ၌ပင် ရပ်တန့်အလဲထိုးနိုင်ခဲ့သူဖြစ်ပြီး ပွဲကြည့် ပရိသတ်များအား စိတ်လှုပ်ရှားစေနိုင်သော အရည်အချင်းရှိသည့် လူငယ်တစ်ဦးလည်းဖြစ်သည်။ ယခုအခါတွင်မူ မြန်မာနိုင်ငံမှ Local Hero ဖိုးသော်ကို မြန်မာပရိသတ်များ၏ ရှေ့မှောက်တွင် အနိုင်ရယူရန် စိတ်အားထက်သန်နေသူလည်းဖြစ်သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment