ဝမ်းမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ရန် မိုဟာမတ် ခရာကီနှင့် ယှဉ်ပြိုင်ထိုးသတ်သွားရမည့် အောင်လအန်ဆန်

အာရှသမိုင်းတွင် အကြီးမားဆုံး ကမ္ဘာ့အားကစားပြိုင်ပွဲများကို ဦးစီးကျင်းပလျက်ရှိသော ONE Championship™ (ONE) သည် အောက်တိုဘာလ ၂၆ ရက်နေ့ (သောကြာနေ့)၊ သုဝဏ္ဏဘူမိ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပမည့် ONE: PURSUIT OF GREATNESS ပွဲအတွက် တွဲဆိုင်း အပြည့်အစုံကို ထုတ်ပြန်ကြေ ညာလိုက်ပြီဖြစ်ပြီး အဓိကပွဲစဉ်အနေနှင့် လက်ရှိ ဝမ်းမစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်သူ မြန်မာ့စပါးအုံး အောင်လအန်ဆန်က ၄င်း၏ ချန်ပီယံခါးပတ်ကို ကာကွယ်ရန် လက်ဘနွန်နိုင်ငံသား မိုဟာမတ် ခရာကီ (Mohannma Karaki) နှင့် ယှဉ်ပြိုင် ထိုးသတ်သွားရ မည်ဖြစ်သည်။
 
အောင်လအန်ဆန်သည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အအောင်မြင်ဆုံး ကစားသမားတစ်ဦးဖြစ်ပြီး သူ၏ အထင်ကရ ချုပ်ကွက်ဖြင့် “မြန်မာ့စပါးအုံး” ဟူ၍အမည်တွင်ခဲ့သူ ဖြစ်သည်။
 
တောင်တန်းထူထပ်သော ကချင်ပြည်နယ် မြစ်ကြီးနားတွင် မွေးဖွားခဲ့သည့် ကချင်လူမျိုး အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လ တွင် Vitaly Bigdash အား ချွင်းချက်မရှိ အကဲအဖြတ် ဒိုင်များ၏ ဆုံးဖြတ်မှုဖြင့် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့သူလည်းဖြစ်သည်။ထို့အပြင် ဖေဖော်ဝါရီ ၂၀၁၈ တွင် ဘရာဇီးနိုင်ငံသား Alexandre Machado အား အနိုင်ယူခဲ့ရာမှ ဝမ်းလိုက် ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံအဖြစ် အသိမှတ်ပြုခြင်းကိုခံထားရသူလည်းဖြစ်သည်။ အသက်၃၃နှစ် အရွယ်ရှိပြီဖြစ်သော အောင်လအန်ဆန်သည် ယခုအခါတွင် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ရန် မိုဟာမတ် ခရာကီနှင့် ထပ်မံ ယှဉ်ပြိုင် ထိုးသတ် ရတော့မည်ဖြစ် သည်။
 
အသက် ၂၇ နှစ်သာရှိသေးသော လက်ဘနွန်နိုင်ငံသား ကိုယ်ခံ ပညာမျိုးစုံ ထူးချွန်ကစားသမား မိုဟာမတ် ခရာကီ (Mohammad “O Lutador” Karaki) သည် မစ်ဒယ်ဝိတ်တန်း ကစားသမားဖြစ်ပြီး အရှုံးမရှိဘဲ ပွဲရလဒ်ကို ၉-၀ အထိ မှတ်တမ်းထိန်းနိုင်သူ တစ်ဦးဖြစ် သည်။ ဖီးနစ်မစ်ဒယ်ဝိတ်ချန်ပီယံ ခရာကီ (Karaki) သည် အရှေ့ အလယ်ပိုင်း၏ အကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစား သမားများထဲမှ တစ်ဦးဖြစ်ပြီး သူသည် ယခင်က Desert Force လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံတစ်ဦးလည်းဖြစ်သည်။
 
၎င်းထိုးသတ်ခဲ့သည့် ၉ ပွဲဆက် အောင်မြင်မှုများအနက် နောက်ဆုံး ခေါင်းလောင်းတီးခဲ့ရသည်အထိ တစ်ကြိမ်သာ ကြာမြင့်ခဲ့ဖူးပြီး ငါးကြိမ် ချုပ်ကစားခြင်းနှင့် ၃ ကြိမ် အလဲထိုး အပြီးသတ်နိုင်သည့် ကစားသမားကောင်းတစ်ဦးလည်းဖြစ်သည်။ ယခုအခါတွင် ခရာကီသည် ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်အတွက် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ကို အနိုင်ယူရန် စိတ်အား ထက်သန်လျက်ရှိနေသူလည်းဖြစ်သည်။
 
The Ladies News
 
 
 

 

Vote: 
No votes yet

Add new comment