မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့်ကင်းများ ဆောင်ရွက်

မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်းမှ Subedar Md. Salim Miah ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ မှ ၁၁ နာရီအထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် ၄၃ မှ ၄၄ ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်းဆောင်ရွက် ခဲ့ကြသည်။
 
အလားတူ နံနက် ၁၀ နာရီတွင် မောင်တောမြို့ အမှတ်(၄)နယ်ခြား စောင့် ရဲတပ် ဖွဲ့ ခွဲမှ တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော) မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ် အမှတ်(၀၀၃) နှင့် (၀၀၅) နှစ်စင်းဖြင့်လည်းကောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ အမှတ်(၂) BGB တပ်ရင်းမှ Naib Subedar Md. Humayunkubir ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် စက်တပ် ရေယာဉ် နှစ်စင်းဖြင့်လည်းကောင်း ကညင်ချောင်း ချောင်းဝထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၅) ၌ တွေ့ဆုံပြီး ရေယာဉ် လေးစင်းဖြင့် နတ်မြစ်ကြောင်းအတိုင်း ကင်းလှည့်ခဲ့ရာ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် မင်္ဂလာကြီးချောင်းဝ ရေမိုင်(၈)အထိ နှစ်ဖက်ညှိနှိုင်း ကင်းလှည့် ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment