အိမ်သာကျင်းအတွင်း ဖုန်းပြုတ်ကျ၍ ဆင်းဆယ်ရာမှ လူ ၄ ဦး သေဆုံး

ဟုမ္မလင်းမြို့နယ် ဆန်ကျိမ်း ကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်က အိမ်သာကျင်းအတွင်း ဖုန်းပြုတ်ကျ၍ဆင်းဆယ်ရာမှ လူ၎ဦးသေဆုံး ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
ဟုမ္မလင်းမြို့နယ် ဆန်ကျိမ်း ကျေးရွာနေ နိုင်ဆွေ(၂၉)နှစ်သည် ညီမဖြစ်သူ မငုဝါ(ခ)မငုဝါထွန်း၏ လက်ကိုင်ဖုန်းမှာ (၄x၃x ၁၅)ပေခန့်ရှိ အိမ်သာကျင်းအတွင်း ပြုတ်ကျ၍ ကျင်းအတွင်းသို့ ဆင်းဆယ်ရာ ပြန်တက်မလာ သဖြင့် ၎င်း၏အစ်ကို ဆန်းဝင်း (၃၁)နှစ်နှင့် တစ်ရွာတည်းနေ မြင့်ဇော်(၂၁)နှစ်အပါအဝင် ၂ ဦး တို့မှ ထပ်မံဆင်းဆယ်ရာမှ နိုင်ဆွေပါ ၄ ဦးတို့သည် အိမ်သာကျင်းအတွင်း၌ ပြင်ပဒဏ်ရာမရှိဘဲ အောက်စီဂျင်ပြတ်၍သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထမံသီ နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၅/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
Photo - credit
The Ladies News

 

Vote: 
No votes yet

Add new comment