စီရိုနယ်လ်ဒိုဟာ ဘာကြောင့် မက်ဆီရှိနေတဲ့ လိဂ်ကို ပြောင်းရွှေ့သွားခဲ့ပြီး အီတလီလိဂ်ကို ထပ်မံပြောင်းရွှေ့သွားတာလဲ ဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ မန်ယူဂန္တ၀င် ရိုင်ယန်ဂစ်

မန်ယူအသင်းမှာ စီရိုနယ်လ်ဒိုနဲ့အတူ တွဲဖက်ကစားခဲ့ဖူးတဲ့ ဂန္တ၀င်ကစားသမား ရိုင်ယန်ဂစ်က ရိုနယ်လ်ဒိုဟာ ဘာကြောင့် အင်္ဂလန်မြေကနေ လာလီဂါကလပ်ကို ပြောင်းရွှေ့သွားခဲ့တာ ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုအခါမှာလည်း ဘာကြောင့် မတူတဲ့ လိဂ်တစ်ခုကို ထပ်မံပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာကို သုံးသပ်ပြောကြားလိုက်ပါတယ်။
 
စီရိုနယ်လ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပရိးမီယားလိဂ် ကလပ် မန်ယူအသင်းမှ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ၉ နှစ်ကြာ ဖြတ်သန်းပြီး ဆုဖလား ၁၆ လုံးကို ရယူပေးနိုင်ခဲ့ပြီးမှာတော့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၀၅ ထပ်မံ ပြောင်းရွှေ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ မန်ယူဂန္တ၀င်ကစားသမားကြီး ရိုင်ယန်ဂစ်ကတော့ ၄င်းရဲ့ အပြောင်းအရွှေ့တွေဟာ သီအိုရီ ဆန်နေပြီး အဆိုပါ ပေါ်တူဂီတိုက်စစ်မှူးဟာ ကမ္ဘာ့အကောင်းဆုံး ကစားမား မက်ဆီထက် သာလွန်ချင်တာကြောင့် လာလီဂါကလပ် ရီးရဲလ်ကို ပြောင်းရွှေ့သွာခဲ့တာ ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။
 
မန်ယူဂန္တ၀င်က “ရိုနယ်လ်ဒိုမှာ မက်ဆီထက် ပိုကောင်းတဲ့ ကစားသမားဖြစ်ရမယ်ဆိုတဲ့ စွဲလမ်းမှုရှိနေခဲ့ပါတယ်။ ဒါကြောင့် ငါအင်္ဂလန်မြေမှာ အကောင်းဆုံး လုပ်ပြခဲ့ပြီးပြီ စပိန်မြေမှာ အကောင်းဆုံး လုပ်ပြနိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ လာလီဂါကလပ် ရီးရဲလ်ကို ပြောင်းရွှေ့သွားခဲ့တာပါ။
သူဟာ ပေါ်တူဂီလက်ရွေးစင် အသင်းအတွက်လည်း အကောင်းဆုံး လုပ်ပြထားပြီးပါပြီ။ အခုလည်း အီတလီမြေမှာ အကောင်းဆုံး လုပ်ပြဖို့အတွက် ဒီလိုဆုံးဖြတ်တာ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေတော်တော်များများက ရိုနယ်လ်ဒိုဟာ မက်ဆီထက် ပိုကောင်းလားလို့ မေးလာကြမယ်ဆိုရင် သူဒီမှတ်တမ်းတွေနဲ့ ချေဖြတ်နိုင်ဖို့အတွက်ပါပဲ။ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ အီတလီကလပ်ကို သူပြောင်းရွှေ့သွားတာဟာ သူ့အတွက် စိန်ခေါ်မှုကြီး တစ်ရပ်ပါပဲ။ ဒါပေမယ့် သူဟာ ကြီးကျယ်တဲ့ ကလပ်အသင်းတစ်ခုကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားသမားဘ၀ ဖြတ်သန်းခဲ့တဲ့ မှတ်တမ်းမှာ အောင်မြင်မှုတွေ အများဆုံး ရရှိထားတဲ့ အသင်းကြီးတွေ ဖြစ်တဲ့ မန်ယူ၊ ရီးရဲလ်အသင်းနဲ့ ဂျူဗင်တပ်တို့လို အသင်းကြီးတွေကို ရေးထိုးခွင့်ရရှိခဲ့ပါပြီ။ ဒါဟာ ဘောလုံးအကျော်အမော်တွေလိုလို လုပ်နိုင်ခဲ့တဲ့ တကယ်ကို ကောင်းမွန်တဲ့ မှတ်တမ်းကောင်း တစ်ရပ်ပါပဲ” လို့ ရိုင်ယန်ဂစ်က ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
 
စီရိုနယ်လ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး အသင်းအတွက် ၄၃၈ ပွဲအထိ ပါဝင်ကစားခွင့်ရရှိခဲ့ကာ ၄၅၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဆုဖလားပေါင်း ၁၆ ခုကို ရယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ပေါ်တူဂီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရီးရဲလ်တို့ ချန်ပီယံလိဂ်ဖလားကြီးကို ၃ နှစ်ဆက် ကိုင်မြှောက်ခွင့် ရရှိစေဖို့ အဓိက နေရာက ပါဝင်ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment