ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ခြေစွမ်းပြခဲ့တဲ့ ပေါ့ဘာကို ချီးကျူးစကားဆိုလိုက်တဲ့ မန်ယူနည်းပြ မော်ရင်ဟို

မန်ယူအသင်းရဲ့နည်းပြကြီး ဟိုဆေးမော်ရင်ဟိုက ဘယ်လ်ဂျီယံအသင်းနဲ့ ပွဲစဉ်မှာ တည်ငြိမ်ရင့်ကျက်တဲ့ ခြေစွမ်းနဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြသမှုတွေ ပြုလုပ်သွားခဲ့ပြီး အဆိုပါ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းရဲ့ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို အဆိုပါ ပွဲအပြီး ချီးကျူးဂုဏ်ပြုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ပြင်သစ်တို့ဟာ နောက်ခံကစားသမား ဆင်မြူရယ် အမ်တီတီရဲ့ တစ်လုံးတည်းသော ခေါင်းတိုက် သွင်းဂိုးနဲ့အတူ ဘယ်လ်ဂျီယံအသင်းကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး ၄င်းတို့ဟာ ပွဲစဉ်တစ်လျှောက်မှာ ဘယ်လ်ဂျီယံအသင်းကို အသားစီး ရယူကစားသွားနိုင်ခဲ့ပါတယ်။
မန်ယူနည်းပြကြီး မော်ရင်ဟိုကတော့ ပြင်သစ်အသင်းဟာ နည်းစနစ်ပိုင်း ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပြီး ၄င်းအကြိမ်ကြိမ်ခေါ်ယူဖို့ ကြိုးပမ်းဖူးတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်တန်းကစားသမား ဗာရက်နီဟာလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တယ်လို့ အဆိုပါနည်းပြက ထောက်ပြပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် မန်ယူအသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာကိုလည်း အရမ်းကောင်းတွေခြေစွမ်းနဲ့ တည်ငြိမ်ရင့်ကျက်သူ တစ်ယောက်လို့ ချီးကျူးပြောဆိုခဲ့ပြီး အဆိုပါ ပြင်သစ်ကွင်းလယ်လူနဲ့ ပတ်သတ်ပြီး မော်ရင်ဟိုက “ပေါ့ဘာဟာ တော်တော် ရင့်ကျက်နေသူဖြစ်နေပါပြီ။သူဒီပွဲကို တည်ငြိမ်ရင့်ကျက်သူ တစ်ဦးအဖြစ် ပါဝင်သွားခဲ့တာပါ။ သူဒီနေ့ပွဲစဉ်မှာ သူ့ကိုတာဝန်ပေးအပ်ထားတဲ့ နေရာကို တာဝန်ကျေအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပွဲကိုလည်း ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။ ဒီဒီယာဒေးချမ့် ဂျရူးကိုလူစားလဲပြီးနောက်မှာတော့ သူဟာကွင်းအတွင်းမှာ လွတ်လပ်စွာ ပိုမိုကစားနိုင်လာခဲ့ပြီး အသင်းကို အထောက်အပံ့ကောင်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး ဂရစ်ဇ်မန်းကိုလည်း ဂိုးအဖြစ်သေချာစေမယ့် ကောင်းမွန်တဲ့ ဖန်တီးမှုမျိုးလည်း သူလုပ်ပြနိုင်ခဲ့ပါတယ်။ သူဟာအရမ်းကို ရင့်ကျက်နေပါပြီ” လို့ မော်ရင်ဟိုက ထပ်မံချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။
 
ပြင်သစ်တို့ဟာ ဗိုလ်လုပွဲစဉ်မှာ ယနေ့မနက်အစောပိုင်းက အင်္ဂလန်အသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်လာနိုင်ခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ဟာ ကွင်းလယ်ဗိုလ်ချုပ် ၂ ဦးဖြစ်တဲ့ မန်ယူကွင်းလယ်လူပေါ့ဘာနဲ့ ရီးရဲလ်ကွင်းလယ်လူ လူကာမိုဒရစ်တို့ရဲ့ အားပြိုင်မှုတွေကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment