Huawei မှ ‘Best Smartphone Manufacturer’ ဆု နှင့် ၎င်း၏ Flagship P20 Pro ဖြင့် ‘Hottest New Device’ of 2018 ဆု တို့ကို ဆွတ်ခူးရရှိ

ပြီးခဲ့သည့်ဇွန်လ၌ လန်ဒန်မြို့တွင်ကျင်းပခဲ့သော စမတ်ဖုန်းလောက၏ ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ခုဖြစ်သည့် The Mobile Industry Awards 2018 ဆုပေးပွဲတွင် Huawei ၏ P20 Pro စမတ်ဖုန်းသည် သည် ‘hottest new device’ (အလန်းဆုံး စမတ်ဖုန်းအမျိုးအစားအသစ်) အဖြစ် အသိအမှတ်ပြု ဆုချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရပြီး အဆိုပါပွဲ၌ပင် Huawei သည် ယခင်လေးနှစ်ဆက်တိုက် Samsung မှရရှိခဲ့သည့် ‘The best smartphone manufacturer’ ဆုကိုလည်း ထပ်မံဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။
 
“Huawei ဟာ အရှိန်အဟုန် ကောင်းကောင်းနှင့် တိုးတက်လာပြီး အံ့သြချီးကျူးဖွယ် စမတ်ဖုန်းအမျိုးအစား သစ်တွေနှင့်အတူ ကုမ္ပဏီဟာ 2018 ခုနှစ်မှာ အောင်ပွဲတွေ ဆက်တိုက်ရလာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အနေနှင့်လည်း Huawei ရဲ့ နောက်ထပ်ခြေလှမ်းသစ်တွေကို ဆက်လက်စောင့်ကြည့် နေပါတယ်။”ဟု စမတ်ဖုန်းလောက၏ လိုအပ်ချက်များထက် သာလွန်အောင် ဖြည့်ဆည်းပေးနိုင်ခဲ့သည့် စမတ်ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီများအား ရွေးချယ် ဆုချီးမြှင့်ပေးနေသော အကဲဖြတ်ဒိုင် ပညာရှင်များမှ ထုတ်ဖော်ပြောကြားခဲ့သည်။
 
Huawei သည် P20 Pro ကို အလုံးရေ ၆ သန်းကျော်ရောင်းချနိုင်ခဲ့ပြီး ၎င်း၏ဒီဇိုင်းနှင့် twilight အရောင်ကြောင့် သာမက professional photography ရိုက်ကူးမှုအတွေ့အကြုံရရှိစေမည့် ကမ္ဘာ့ပထမဆုံး Leica triple camera နှင့် AI processor ကြောင့် မည့်သည့်ဖုန်းနှင့်မှမတူဘဲ တမူထူးခြားလူကြိုက်များခဲ့ခြင်းလည်းဖြစ်ပြီး အဆိုပါ smart camera စနစ်မှာ ညဘက်ဓာတ်ပုံရိုက်ကူးမှုအတွက် အထူးကောင်းမွန်သည့်အပြင် 5x Hybrid Zoom နှင့် 10x Digital Zoom တို့ပါဝင်ကြောင်းလည်းသိရသည်။ ယင်း နောက်ဆုံးပေါ် Huawei flagship ၏ ကင်မရာ လုပ်ဆောင်နိုင်စွမ်းအား စမတ်ဖုန်းကင်မရာလောကတွင် ယုံကြည်ရသည့် စံနှုန်းတိုင်းတာမှု အဖွဲ့အစည်းဖြစ်သည့် DxOMark မှ စမ်းသပ်ပေးခဲ့ရာ ပြိုင်ဘက်အမှတ်တံဆိပ်များထက်ကျော်လွန်ကာ ရမှတ်ပေါင်း ၁၀၉ မှတ်ဖြင့် leader board တွင် အခိုင်အမာ ဆက်တိုက်ရပ်တည်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
 
“P20 နဲ့ P20 Pro ကင်မရာမှာပါတဲ့ AI feature ဟာဆိုရင် smart devices ကနေ intelligent devices ဖြစ်လာဖို့ Huawei က တိုးမြှင့်ထုတ်လုပ်လိုက်တဲ့ အကောင်းဆုံး နည်းပညာတစ်ခုဖြစ်ပါတယ်။ Huawei ရဲ့ အကြီးမားဆုံးသော ရည်ရွယ်ချက်ကတော့ တိုးတက်ပြောင်းလဲလာမယ့် စမတ်ဖုန်းလောကကို ဦးဆောင်ပြီး မြန်မာနိုင်ငံက စမတ်ဖုန်း သုံးစွဲသူများ အတွက် အရင်က မမြင်ဖူးတဲ့ နည်းပညာတွေကို သယ်ဆောင်လာပေးဖို့ပဲ ဖြစ်ပါတယ်” လို့ Huawei Device Myanmar မှ Marketing Director မခင်ရတနာဝင်းမှ ပြောကြားခဲ့သည်။
 
ထို့ပြင် Huawei P20 Pro ဖုန်းသည် ဥရောပဈေးကွက်ထဲရှိ အကောင်းဆုံးသော လျှပ်စစ်ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်းမှ နည်းပညာရှင်များမှ အသိအမှတ်ပြု ဆုပေးသည့် ဇွန်လတွင် ကျင်းပပြုလုပ်သော European Hardware Awards 2018 ပွဲ တွင် ‘Best Smartphone of 2018’ အဖြစ် သတ်မှတ်ပေးခြင်းခံခဲ့ရပြီး 2018 တွင် ပြုလုပ်သွားသော အဆိုပါပွဲ၌ ကမ္ဘာတစ်ဝှမ်းမှ နည်းပညာရှင်အယောက် ၁၀၀ မှ ၎င်းတို့ နှစ်သက်သဘောကျသည့် စမတ်ဖုန်း, wearables နှင့် PC အစရှိသည့်လျှပ်စစ်ပစ္စည်းများ နဲ့ hardware အမျိုးအစား ၄၂ ခုအား မဲပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အနာဂတ်တွင် Huawei သည် ၎င်း၏ အမှတ်တံဆိပ်ကို ကမ္ဘာတစ်ဝှမ်းမှ သုံးစွဲသူများ အမှန်တကယ် ချစ်မြတ်နိုး စေရန်အတွက် ရည်ရွယ်ထားပြီး၊ ထုတ်ကုန်ပစ္စည်းများ နှင့် နည်းပညာများကို သုံးစွဲသူမျာား အံ့အားသင့်စေရန် တီထွင်မှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment