ရေဦးမြို့နယ်အတွင်း လုယက်မှုကျူးလွန်ခဲ့သည့် အမျိုးသားသုံးဦးအား စုံစမ်းလျက်ရှိ

ရေဦးမြို့နယ် ချောင်းဦးကျေးရွာလမ်းခွဲတွင် ဇူလိုင် ၁၁ ရက်က ဖြစ်ပွားခဲ့သည့် လုယက်မှုနှင့် ပတ်သက်၍ အမျိုးသား သုံးဦး အား အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
 
ရေဦးမြို့နယ် ထန်းတောကျေးရွာနေ တရုတ်(ခ) မြတ်နိုးအောင်(၂၇)နှစ် နှင့် ဇနီးဖြစ်သူ မနန်းဝေ(၃၅)နှစ် တို့သည် ကန့်ဘလူမြို့နယ်မှ ဇီးကုန်း-ကာဘိုး လမ်းအတိုင်း ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ချောင်းဦးကျေးရွာ လမ်းခွဲအရောက်၌ ဆိုင်ကယ် ဘီးပေါက်သည်ဟုထင်၍ ဆိုင်ကယ်အားရပ်ပြီး စစ်ဆေးစဉ် အမျိုးသား ၃ ဦး (စိစစ်ဆဲ)မှဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ၁ ဦးက တုတ်ဖြင့်ရိုက်ကာ ကျန်သူများက မနန်းဝေထံမှ ရွှေဟန်းချိန်း ၁ ခု၊ လက်စွပ် ၁ ကွင်း၊ နားဆွဲ ၁ ရံ၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးတို့အား လုယူထွက်ပြေးသွားခဲ့ပြီး အရိုက်ခံရမှုကြောင့် တရုတ်(ခ) မြတ်နိုးအောင် ပါ ၂ ဦးတွင် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရေဦးပြည်သူ့ဆေးရုံ၌ ကုသမှုခံယူခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသား ၃ ဦး(စုံစမ်းဆဲ)အား ရေဦးမြို့မရဲစခန်း(ပ) ၁၇၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ (လုယက်စဉ် နာကျင်စေမှု/ အားပေး ကူညီမှု) ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment