စကားများရန်ဖြစ်၍ ကွဲကွာနေသည့် ဇနီးအား ပြန်လည်ပေါင်းသင်းရန် သွားရောက်ခေါ်ရာမှ လူသတ်မှုဖြစ်

စစ်တွေမြို့ စစ်တွေမြို့ အနောက်စံပြရပ်ကွက် ဘာဆာရာ ကျေးရွာနေ မာမောက်ဟာမိတ် (၂၂)နှစ်သည် လွန်ခဲ့သော ၃ လခန့်က စကားများရန်ဖြစ်၍ ကွဲကွာနေသည့် တစ်ရွာတည်းနေ ဇနီးဖြစ်သူအား ဇူလိုင် ၁၁ ရက်က သွားရောက် ခေါ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
စစ်တွေမြို့ အနောက်စံပြရပ်ကွက် ဘာဆာရာ ကျေးရွာနေ မာမောက်ဟာမိတ် (၂၂)နှစ်သည် လွန်ခဲ့သော ၃ လခန့်က စကားများရန်ဖြစ်၍ ကွဲကွာနေသည့် တစ်ရွာတည်းနေ ဇနီးဖြစ်သူ မတော်ဆော်ဟာလေမာဟာတူ (၂၁)နှစ်အား ၎င်းမိဘများ နေအိမ်၌ ပြန်လည်ပေါင်းသင်းရန် လာရောက်ခေါ်ရာ မလိုက်သဖြင့် စကားများရန်ဖြစ်ရာမှ အသင့် ပါလာသော အရိုးအသွား ၂၃ လက်မ ခန့်ရှိ ဓားမဖြင့် ခုတ်ပြီး ထွက်ပြေးသွားခဲ့ရာ ဓားဖြင့်ခုတ်မှုကြောင့် မတော်ဆော်ဟာလေမာဟာတူတွင် လည်ဂုတ်/လည်ပင်း ပြတ်ရှဒဏ်ရာ ၃ ချက်ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
ယင်းနောက် အလောင်းအား စစ်တွေပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး သေဆုံးသူ၏ ဖခင်မှ တိုင်တန်း၍ မာမောက်ဟာမိတ် (ဖမ်းမိ)အား စစ်တွေမြို့မရဲစခန်း(ပ)၂၈၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment