ဖယ်ဒရယ်စနစ်ကို အကောင်အထည်ဖေါ်မည့် ခေါင်းဆောင်များသည် လူကောင်းများမဟုတ်ပါက ဒေသခံများ အကြိုးခံစားခွင့်မရှိနိုင်

ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖေါ်မည့် ခေါင်းဆောင်များသည် လူတော်လူကောင်းများ မဟုတ်ပါက ဒေသခံပြည်သူများသည် ဖက်ဒရယ်စနစ်၏ အသီးအပွင့်များကို အကြိုးခံစားခွင့်ရှိနိုင်မှာ မဟုတ်ကြောင်း နိုင်ငံရေးပါတီများ အစုအဖွဲ့ခေါင်းဆောင် ဦးသုဝေက ပြောကြားသည်။
 
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဒုတိယမြောက်နေ့တွင် ပြုလုပ်သော နိုင်ငံရေးပါတီများ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲတွင် အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ဖက်ဒရယ်စနစ်ကို တည်ဆောက်ရာတွင် ပထမဦးစွာ ယင်းစနစ်၏ အနှစ်သာရများကို သိနားလည်ရန်အတွက် လေ့လာမှုများ ပြုလုပ်ရန် မဖြစ်မနေလိုအပ်ပြီး ဖက်ဒရယ်စနစ်ကို အကောင်အထည်မည့် ခေါင်းဆောင်များသည် လူတော်များဖြစ်ရမည်ဟု ဆိုသည်။
 
`ဒီစနစ်ကြီးကို အကောင်အထည်ဖေါ်တဲ့ လူတွေဟာ လူတော်လူကောင်းတွေ မဟုတ်ရင် အဲဒီဒေသဆိုင်ရာမှာ ရှိနေသော တိုင်းရင်းသားတွေ ပြည်သူတွေ အဲဒီဖက်ဒရယ်စနစ်ရဲ့ အရသာ၊ ဖက်ဒရယ်စနစ်ရဲ့ အသီးအပွင့်တွေ ဘယ်လိုလုပ်မှ ခံစားလို့ရမှာမဟုတ်ဘူး။ စနစ်ကောင်းရင် လူလည်းကောင်းရမယ်၊ လူလည်း တော်ရမယ်။ ဒီတော့မှ ဒီစနစ်ကြီးကို အားလုံးအသီးအပွင့်တွေ ခံစားနိုင်မှာဖြစ်ပါတယ်` ဟု ဦးသုဝေက ပြောကြားသည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်ကလည်း ညီလာခံဖွင့်မိန့်ခွန်းတွင် ၂၀၁၉ ခုနှစ်တွင်း၌ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမှုများကို အပြီးအပြတ်ချမှတ်ပြီး အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်များကို ခိုင်ခိုင်မာ တည်ဆောက်ပေးနိုင်ရန် မျှော်မှန်းထားသည်ဟု ထည့်သွင်းပြောကြားထားသည်။
 
အောင်ရဲနောင်
The Ladies News
 

 

Vote: 
No votes yet

Add new comment