အောင်မြေသာစံမြို့နယ်တွင် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက် သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေ

 

အောင်မြေသာစံမြို့နယ်၊ ၂၄x၈၃ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ (၂)မန်နေဂျာ က ဇူလိုင် ၄ ရက်တွင်  အမှတ်-၅ မြို့မ ရဲစခန်း သို့အပ်နှံခဲ့သည့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက် နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အောင်မြေသာစံမြို့နယ်၊ ၂၄x၈၃ လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂)သို့ ကိုကိုမောင်(၃၁)နှစ်လာရောက်ပေးသွင်းသည့် ငွေကျပ် ၅၅ သိန်း အနက် မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက်တွေ့ရှိ၍ ဘဏ်ခွဲ မန်နေဂျာ ဦးမျိုးမင်းကိုမှ အမှတ်-၅ မြို့မ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါငွေစက္ကူအတုများအား မှုခင်းရဲတပ်ဖွဲ့မှ စိစစ်ခဲ့ရာ နိုင်ငံခြား စက္ကူအမျိုးအစားဖြစ်ပြီး စက္ကူသားချောနေခြင်း၊ အတုသည်အစစ်ထက် အလျား ၁ မီလီမီတာရှည်ခြင်း၊ အရောင်တောက်ပမှု မရှိခြင်း၊ ရုပ်ပုံ/တန်ဖိုးရေစာများပုံရိပ်သာပါရှိခြင်း၊ အရောင်ပြောင်းလဲမှုမရှိခြင်း၊ ကာလာပရင်တာ နည်းဖြင့် တုပထားရှိခြင်း၊ လျှို့ဝှက်ချက်များမပါရှိဘဲ ထိုင်းနိုင်ငံနယ်စပ်မှ ဝင်ရောက်လာသော ငွေစက္ကူ အတုများဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးမှု များ ပြုလုပ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

The Ladies News

 

Vote: 
No votes yet

Add new comment