တာချီလိတ်မြို့တွင်ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့်ပစ်ခတ်မှုမှ ပစ်ခတ်သူအပါအ၀င် အမျိုးသား၆ ဦးအားဖမ်းဆီး

 
 
 
တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့်ပတ်ခတ်မှုနှင့်နှင့်ပတ်သက်၍ ပစ်ခတ်သူအပါအ၀င် အမျိုးသား ၆ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂ရက်ကတာချီလိတ်မြို့ Lucky ဟိုတယ်ရှေ့၌ ပါဆတ်ရပ်ကွက်နေ ရန်ကျားချိန် ပါကျား ၂ ဦး လိုက်ပါလာသည့် 9F/**** Hilux Surf ယာဉ်အား အမျိုးသား ၁ ဦးမှ သေနတ်အရှည်ဖြင့် ၄ ချက်ပစ်ခဲ့ရာ ရန်ကျားချိန်တွင် ဝဲ/ယာကျောကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ခြင်းကြောင့် တာချီလိတ်မြို့မရဲစခန်း(ပ)၂၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်လှစ်ခဲ့သည်။
 
ထို့အတူ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ ဦးစိုင်းမုတ်၏ ကားအရောင်းပြခန်းအား ၃ ချက်၊ ဟောင်လိတ်မီးပွိုင့်လမ်းဆုံ၌ ၃ ချက်နှင့် အေဒင်းကျေးရွာ၌ ၂ ချက် ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုနှင့်ပတ်သက်၍ တရားခံဟုယူဆရသူ စိုင်းသိန်းကျော်(ခ)နှုတ်ခမ်းမွှေး(၄၀)နှစ် ၏ နေအိမ်အား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ က ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် ပြန်လည်ပစ်ခတ်သဖြင့် ဖန်မင်ကျေးရွာပြည်သူ့စစ် (၁)ဦးတွင် ဝဲပုခုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး တရားခံဟုယူဆရသူပါ ကျား ၆ ဦးအား M-22 သေနတ် ၁ လက်၊ ၄င်းကျည် ၁၆ တောင့်၊ ကျည်အိမ် ၁ ခု၊ 5.56 ကျည် ၃၆ တောင့်၊ ပွိုင့် ၂၂ ပစ္စတို ၁ လက်၊ ၄င်းကျည် ၅ တောင့်၊ ကျည်အိမ် ၁ ခု၊ အရိုးအသွား ၁၀ လက်မခန့်ရှိ ခေါက်ဓား ၁ ချောင်း၊ ဆိုင်ကယ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
အခင်းဖြစ်နေရာများဖြစ်သော ကားအရောင်းပြခန်းရှေ့မှ ကျည်ခွံ ၃ ခု၊ အာခါ ဈေးလမ်း Lucky ဟိုတယ်ရှေ့မှ ကျည်ခွံ ၄ ခု၊ ပါဆတ်ရပ်ကွက် ဟောင်လိတ်မီးပွိုင့် လမ်းဆုံမှ ကျည်ခွံ ၃ ခု နှင့် အေဒင်းကျေးရွာ၌ ကျည်ခွံ ၂ ခုတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်ရခြင်းမှာ ကားအရောင်းအဝယ်ပြုလုပ်ရာတွင် အဆင်မပြေသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
အဆိုပါအမှုနှင့်ပတ်သက်၍ တာချီလိတ် မြို့မရဲစခန်းမှ (ပ)၂၁၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/ ၃၂၆/၃၅၃(လူသတ်ရန်ကြံစည်မှု/ ပြင်းထန် နာကျင်စေမှု/ တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအားလက်ရောက်မှု)ဖြင့် တရားခံအား အမှုထပ်မံရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းပြည်ထဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment