မန်ယူအသင်း ဆုဖလားတွေကို ထပ်မံစိန်ခေါ်နိုင်ဖို့ ဘယ်လို ကစားသမားမျိုးတွေကို လိုအပ်လဲဆိုတာကို ပြောကြားလိုက်တဲ့ ပေါလ်စခိုး

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တ၀င်ကွင်းလယ်ကစားသမားကြီး ပေါလ်စခိုးက မန်ယူအသင်းအနေနဲ့ ဆုဖလားတွေကို ထပ်မံစိန်ခေါ်နိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်လေးလ် နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာတို့လို အရည်အသွေးမြင့် ကစားသမား မျိုးတွေကို ခေါ်ယူနိုင်ဖို့ လိုအပ်ပါတယ်လို့ အကြံပြု ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ ယခုနှစ်ရာသီမှ ဖလားလက်မဲ့ ဖြစ်ခဲ့ရတာကြောင့် နည်းပြကြီး မော်ရင်ဟို အနေနဲ့ လာမယ့်ရာသီအတွက် အသင်းကို အင်အား ထပ်မံဖြည့်တင်းဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက် ဂန္တ၀င်ကွင်းလယ်လူ ပေါလ်စခိုးကတော့ မန်ယူအသင်းဟာ ပြည်တွင်း၊ ပြည်ပ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့အတွက် ငွေကြေးများစွာ သုံးစွဲသွားရန် လိုအပ်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
 
ယခုလက်ရှိမှာတော့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရီးရဲလ်အသင်းအတွက် အဖိုးတန် ဂိုး ၂ ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဂါရတ်ဘေးလ်၊ ပီအက်စ်ဂျီ ကြယ်ပွင့်ကစားသမား နေမာတို့ကို ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ပေါလ်စခိုးက “ကျွန်တော့်အမြင် ပြောရရင်တော့ မိုရင်ဟိုအနေနဲ့ အခုနွေရာသီမှာ အသင်းအတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်သင့်ပါတယ်။ ကစားသမားကောင်းတွေ ၀ယ်ယူပြီး ကျစ်လစ်တောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့မယ်ဆိုရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ နောက်ထပ် ဆုဖလားတွေနဲ့ နီးစပ်နေမှာပါ။ ကျွန်တော်တို့ အသင်းဟာ တိုက်စစ်ပိုင်း ကောင်းမွန်တဲ့ ကစားသမားကောင်းတွေ လိုအပ်နေပါတယ်။ အထူးသဖြင့် ယူနိုက်တက်ဟာ လူကာကူကို အကောင်းဆုံး ပံ့ပိုးမှုတွေ ပြုလုပ်ပေးနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေ ထပ်မံအားဖြည့်ဖို့ လိုအပ်နေပါတယ်။ ဒီနွေရာသီမှာ ဘယ်ကစားသမားကို ခေါ်ယူနိုင်မလဲ ဆိုတာကတော့ ခန့်မှန်းလို့မရပါဘူး။ ပရိသတ်တွေကတော့ နေမာကို ကြိုက်ကြပါတယ်။ ဒါပေမယ့် ဂါရတ်ဘေးလ်ကို ခေါ်ယူနိုင်မလား၊ နေမာကိုပဲ ခေါ်ယူနိုင်မလား ဆိုတာတော့ ကျွန်တော်လည်း မသိနိုင်ပါဘူး။ ဒါပေမယ့် ဒီကစားသမားတွေဟာ အသင်းအတွက် လိုအပ်နေတဲ့ အရည်အသွေး ကောင်းတွေ အသီးသီး ပိုင်ဆိုင်ထားကြသူတွေပါ" လို့ အဆိုပါ ယူနိုက်တက် ဂန္တ၀င်က ထုတ်ဖော်ပြောကြား
ခဲ့ပါတယ်။
 
ယခုနှစ် ရာသီချန်ပီယံလိဂ်မှာ ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီးလည်း ပေါခ်စခိုးက "ယူနိုက်တက်ဟာ ဒီရာသီမှာ ဆိုရင်လည်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ သူတို့ဟာ နောက်ရာသီမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့ အရည်အချင်းရှိတဲ့ ကစားသမားတွေ လိုအပ်နေပါတယ်။ နောက်ပိုင်းမှာ ချန်ပီယံလိဂ် ထိပ်တန်း အသင်းကြီးတွေ ပိုများလာနေပြီး လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ အသင်းဟာ ဒီအသင်းတွေကို လိုက်မှီနိုင်ခြင်း မရှိသေးပါဘူးလို့ အဆိုပါ ဂန္တ၀င်က ထပ်မံပြောကြားခဲ့ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment